Episode 1

454 71 9
                                    

Unicode Version

-12 years before-

အုံ့အုံ့ဆိုင်းဆိုင်းဖြစ်နေတဲ့ ကောင်းကင်မှာ ခပ်ဖွဲဖွဲသွန်းကျနေတဲ့ မိုးရေစက်တို့က သာမန်နေ့တွေကထက် ပိုအေးစက်နေသယောင်။ မြို့ရဲ့အစွန်အဖျားလေးမှာရှိတဲ့ မိဘမဲ့ဂေဟာတစ်ခုကတော့ ပုံမှန်နေ့တွေအတိုင်းလည်ပတ်လို့နေတယ်။

" ပြောစကားနားမထောင်ဘူးလား လီဟယ်ချန်း! မင်းရဲ့ ကိုကိုနဲ့တိုင်ရမှာလား? "

ထိုမိဘမဲ့ဂေဟာထဲက အခန်းငယ်တစ်ခုမှာတော့ အနည်းငယ် ကတောက်ကဆဖြစ်နေပုံပါပဲ။

ကလေးထိန်းအန်တီကြီးတစ်ယောက်က ခြောက်နှစ်အရွယ်ကလေးတစ်ယောက်ကို ဆူပူနေခြင်းဖြစ်သည်။ သဘောကောင်းပြီးစိတ်ရှည်တယ်လို့ နာမည်ကြီးတဲ့ ထိုအန်တီကြီးလည်း ဒီကလေးပေါက်စလေးနဲ့တွေ့မှ ဒေါသမထွက်စဖူး ထွက်ရတော့တာပဲ။

" မင်းရဲ့ ကိုကိုက ဒီထမင်းကုန်အောင်စားရမယ်လို့ မှာသွားတာမလား? သူပြန်လာလို့ ထမင်းတွေမကုန်သေးတာမြင်ရင် အဆူခံနေရမှာနော်! "

ချော့ပြောလည်းမရ ခြောက်ပြောလည်းမရတဲ့ ဟယ်ချန်းက ခေါင်းမာစွာပါးစပ်ကိုအတင်းပိတ်ထားတုန်း။ ပါးစပ်ထဲ အတင်းထည့်ဖို့လုပ်တော့ ခေါင်းကိုခါပြီး ထိုအန်တီကြီးကိုင်ထားတဲ့ ထမင်းပန်းကန်ကိုပါ မှောက်ချပစ်လိုက်သည်။

" လီဟယ်ချန်း မင်း! "

သည်းခံနိုင်စွမ်းကုန်သွားတဲ့ အန်တီကြီးက ဟယ်ချန်းလက်မောင်းကို ရိုက်လိုက်မိတယ်။

" ကိုကိုရေ!! "

ရုတ်တရက် ထငိုတဲ့ဟယ်ချန်းကြောင့် သူမခေါင်းကြိမ်းသွားတယ်။ နီရဲလာတဲ့ ထိုကလေးရဲ့လက်မောင်းက ဒဏ်ရာကိုကြည့်ပြီးလည်း အံ့ဩမိပါတယ်။ သူမ ရိုက်လိုက်မိတာ တကယ်ကိုခပ်ဖွဖွလေးပါ။ ဒီလိုဖွဖွလေးရိုက်လိုက်တာတောင် ချက်ချင်းနီရဲလာတဲ့အထိဆိုတော့ ဒီကလေးကို ဘယ်လိုတောင် ပိုးမွေးသလို မွေးထားခဲ့ကြပါလိမ့်။

" ဘာတွေဖြစ်နေကြတာလဲ? "

သိပ်မကြာလိုက်ပါ။ အခန်းထဲကို နောက်ထပ်ကောင်လေးတစ်ယောက်ရောက်လာခဲ့တယ်။ တစ်ဆယ့်သုံးနှစ်အရွယ် ထိုကောင်လေးက သူဝယ်လာတဲ့ အရုပ်လေးကိုဘေးချပြီး သူမကိုတစ်လှည့် သူမဘေးကအော်ငိုနေတဲ့ကလေးကိုတစ်လှည့် မျက်မှောင်ကြုတ်ရင်းကြည့်တယ်။

Trapped In Sunflower Where stories live. Discover now