Episode 2

408 71 19
                                    

Unicode Version

ဂျဲနိုအတွက် မနက်ခင်း​တွေက လန်းလန်းဆန်းဆန်း ရှိမနေတတ်တာကြာပြီ။ မျက်လုံးနှစ်လုံးပွင့်တာနဲ့ စိုးရိမ်ပူပန်ခြင်းတွေက သူ့ကိုအမြဲအနှောင့်အယှက်ပေးနေတတ်တယ်။

အခုလည်း နေရောင်ခြည်ခပ်ဖျော့ဖျော့က စောစောစီးစီး အခန်းရဲ့ပြတင်းပေါက်ကိုဖြတ်ပြီး သူ့မျက်နှာပေါ်ဖြာကျလာတာကြောင့် အိပ်ရေးမဝသေးတဲ့ မျက်လုံးတွေနဲ့အတူ နိုးလာရတယ်။ မကြာသေးခင်ကမှ မိုးရွာထားသေးတာမလို့ မြေသင်းနံ့ ခပ်သဲ့သဲ့ကိုလည်းရတယ်။

မျက်လုံးနှစ်လုံးပွင့်လာတာနဲ့ သူ့ဘေးကကောင်လေးကိုလှည့်ကြည့်လိုက်တော့ အသက်ရှူသံပုံမှန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်းပဲ။ မနေ့က သူဝယ်ပေးထားတဲ့ အညိုရောင်ဝက်ဝံရုပ်လေးကို ဖက်ထားရင်းနဲ့ပေါ့။ ထိုကလေးမနိုးရအောင် တိတ်တိတ်လေးထလိုက်ပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်လာလိုက်တယ်။

ရေချိုးခန်းထဲမှာ ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာတဲ့အချိန်ထိ ဟယ်ချန်းက မနိုးသေး။

" အဆိုးလေး "

ခန္ဓာကိုယ်ကို တစ်ဖက်စောင်းပြီးအိပ်နေတာမလို့ ဆူထွက်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးကို အသည်းယားစွာ ခပ်ဖွဖွလိမ်ဆွဲလိုက်တော့ အိပ်နေရင်းနှင့်ပင် ဖျတ်ခနဲမျက်မှောင်ကြုတ်သွားပြီး အင်းခနဲ အသံရှည်စွဲကာ သူနဲ့ဆန့်ကျင်ဘက်ကိုလှည့်သွားတယ်။

" အိပ်ရေးကြီးလိုက်တာလည်း လွန်ပါရော "

ငဆိုးလေးကို နှိုးဖို့ပြင်လိုက်ပေမယ့် အောက်ထပ်က စကားပြောသံတွေကြားလိုက်ရတာကြောင့် အိပ်နေတဲ့ကောင်လေးကို ဒီအတိုင်းထားလိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။

မာမီတို့ပြန်လာပြီထင်တယ်။

အောက်ထပ်ကိုရောက်တော့ ထင်တဲ့အတိုင်းပင် အထုပ်အပိုးတွေချရင်း စကားပြောနေကြတဲ့ ဒယ်ဒီနဲ့ မာမီ့ကိုတွေ့တယ်။

" ပြန်လာကြပြီလား "

" မာမီ့ရဲ့ ကလေးလေးဒီကိုလာပါဦး "

သူ့ကိုတွေ့သွားတာနဲ့ မာမီက ဝမ်းသာအားရနဲ့ ပြေးဖက်တယ်။ ဒယ်ဒီကတော့ အပိုတွေလုပ်ပြန်ပြီဆိုတဲ့ အကြည့်နဲ့သာ သူတို့သားအမိနှစ်ယောက်ကို ကြည့်တယ်။

Trapped In Sunflower Where stories live. Discover now