Part - 15

260 18 3
                                    


( Zaw Gyi )

" ဟာ မမ ပြန်လာပြီလား စောတယ်နော် "
မှုံ စိတ်ညစ်ညစ်နဲ့ TVကြည့်နေလိုက်တာ အိမ်ထဲ
လူဝင်လာတာ တွေ့တော့ ကြည့်လိုက်တော့ မမ ဖြစ်နေတယ်

" အင်း မနက်ဖြန်ဆို Dressက ထွက်လာပြီ
အလုပ်ကိစ္စတွေ ပြီးသွားတော့ အကုန်လုံးကို စောစော
ပြန်လွှတ်လိုက်တာ "

" အော် အဲ့ဆို ငယ်က မမ နား ကပ်လို့ရတာ​ပေါ့ ဟီး "
မျက်နှာရူးလေး ရုပ်ကိုက ၊ ခတ်လဲ ငယ့်ကို ပြန်ဖြေ
မနေတော့ပဲ အခန်းထဲ သာသွားလိုက်တော့တယ်

" မမ ရေချိုးမှာမလား ငယ်အကျီ ထုတ်​ပေးထားမယ်နော် "

" မမ ခေါင်းလျှော်လာတာလား ၊ အင်း အချိန်ကတော့
စောပါသေးတယ် ငယ် ခေါင်းသုပ်ပေးမယ် "

" မမ လုပ်စရာ မရှိဘူးမလား ငယ်နဲ့တူတူ
ကာတွန်းကား ကြည့်မလားဟင် "

" မမ သိလား ငယ်လေ ဒီနေ့ ရွှေစင်နဲ့
ဖုန်းပြောဖြစ်​သေးတယ်
သူ့ကို မနေ့က မမ ဆူတာကိုလေ သူက ပြန်​ပြောပြ​နေတာ
ဟီး "

" မမ ငယ်... "

" တိတ်တိတ် လေး နေပေးလို့မရဘူးလား ၊
အခုမှ အလုပ်က နားရတာ အိပ်ချင်တာတောင်ပြောက်တယ် "

မှုံ ကို မမ အဲ့လို ပြောလိုက်တော့
တအားဝမ်းနည်းသွားမိတယ်
မှုံကြောင့် မမ စိတ်ညစ်မှာကို မလိုချင်ပါ
ဟုတ်တာပဲ မမ OTတွေဆင်းထားတာ
ရက်က နည်းတာမှမဟုတ်တာ အိပ်ချင်နေမှာပေါ့

" ဟု...ဟုတ် ၊ မမ အိပ် ဖို့လား အိပ်ချင်အိပ်လေ ငယ်
ညနေကျရင် နှိုးပေးမယ်နော် "

" ပြီးကော "
ခတ် ကုတင်ပေါ်တတ်ကာ ဟိုဘက်လှည့် အိပ်လိုက်ပြီး
တိတ်တိတ်လေးရယ်နေမိတယ် ငယ်ကသူ့ကို ချော့နေတာတဲ့
ချစ်စရာလေး ၊ ခတ်ကပဲ ငယ့်ကို ချော့နေကျဆိုတော့
ငယ် ခတ်ကို ချော့ တာလေးကို ခတ် တအားသဘောကျနေ
မိတယ် အဟက် တကယ့် အသဲယားစရာလေးကွာ
.
.
" ဘာတဲ့ ပြောတော့ မမ ကို ငယ် ညနေကျရင် နိုးပေးမယ်တဲ့
သူက အိပ်လို့ ဘယ်လို ဟာလေးလဲကွာ မွ "

ခတ် သိပ်​တောင်မအိပ်လိုက် အမှန်က
မှေးကနည်းဖြစ်သွားတာ
အလွန်ဆုံးကြာ နာရီဝက်​ပေါ့ အလုပ်က ညနေ
4 နာရီလောက်ထဲက မေမေ က ပြန်လွှတ်လိုက်တာ
အခု အလွန်ဆုံးရှိ 5နာရီပေါ့ ခတ် နိုးတော့
ဘေးကြည့်လိုက်တော့ ငယ်ပေါ့ အိပ်နေတာ
မျက်နှာလေးကြည့်တော့ မျက်ရည် စီးကြောင်း​တွေ တွေ့တယ်

မမ ရဲ့ ငယ်>Completed<Where stories live. Discover now