Part - 16

216 17 2
                                    


( Zaw Gyi )

မှုံ တစ်ယောက် မျက်လုံးကို အားယူပြီးဖွင့်ကြည့်တော့
မျက်နှာကျက်အဖြူရောင်ကို မြင်ရတယ်
ဘေးဘယ်ညာကို ဖြေးဖြေးချင်းကြည့်ကြည့်တော့
ဘယ်သူမှ ရှိမနေဘူး လက်ကိုဖြေးဖြေးချင်းလှုပ်တော့
လက်ဖျန်က စူးကနဲ ကြည့်လိုက်တော့ ဆေးသွင်းထားတာ
မှုံ ဘာဖြစ်သွားတာလဲ ပြန်စဉ်းစားကြည့်တော့
သူ မမ ကို စောင့်နေတာ အဲ့မှာ မမ Car Accident
ဖြစ်လို့ ဆေးရုံလိုက်လာတော့ မမက...

ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး
မမ ဘာမှမဖြစ်ဘူး ၊
လက်ကဆေးသွင်းထားတာ ဘာလုပ်မှာလဲ
အရေးမပါတာတွေ အပ်ကိုဆွဲဖြုတ်ပစ်လိုက်တော့
လက်ကနာသွား
ပြီး သွေးတွေထွက်လာတယ်
လက်ကနာတာက မှုံ ရင်ဘက်ထဲက နာတာကို မှီပါ့မလား
မမ က... မမ က ဟင့်...၊ မတွေးချင်ဘူး

" အီးဟီး... ဟင့် "
မှုံတစ်ယောက် ငိုနေမိတယ် ၊ မဖြစ်ဘူး မမ ကို သွား
တွေ့ရမယ် ဟုတ်တယ် မှုံ ကုတင်ပေါ်ကဆင်းဖို့အလုပ်

" ငယ်! ၊ ဘာလုပ်နေတာလဲ "
ရင်းနှီးတဲ့ အသံနဲ့ အခန်းထဲ ဝင်လာတဲ့သူ
မမ... မမ မဟုတ်လား

" ဟင့်... မ...မမ "
မှုံ မမ ကို ပြေးဖက်လိုက်တယ်

" ဟုတ်တယ်လေ မမ ပါ ငယ်ရဲ့ ၊ တိတ်တော့ လာ
ကုတင်ပေါ်မှာ ပြန်ထိုင်နေနော် ခဏနေ ဆရာဝန်ကြီးတွေ
လာလိမ့်မယ် "
ခတ် ငယ့်ကို ပွေ့လိုက်ကာ ကုတင်ပေါ်ကို တင်ပေးပြီး
ငယ့်လက်ကို ကိုင်လိုက်တော့

" ငယ့်! သွေးတွေထွက်နေတယ် ၊ ငယ်ကွာ
ဘာတွေ လျှောက်လုပ်နေတာလဲ ဟမ်! "

" ငယ့် ကို မအော်ပါနဲ့ အင့်... ငယ်က မမ...မရှိတော့ဘူး
ထင်လို့... ဟင့် မမ မရှိရင်...ငယ်က အသက်ရှင်နေတော့
ကော... ဘာထူးမှာလဲ အီးဟီး... "

" ငယ်ရယ် "
ခတ် ငယ့်ကို တင်းကျပ်စွာ ဖတ်ထားလိုက်တယ်
ငယ်ဟာလဲ ခတ်ရင်ခွင်ထဲ မှာ ငိုကျွေးလို့
သူလေးတော်တော် လန့်သွားရှာ မှာပဲ ၊ ငယ် ခတ်အပေါ်
ထားတဲ့ အချစ်ကို ခတ်မြင်တော့ ဝမ်းသာ မိသလို
သူလေး အခုလို ငိုနေတာ မြင်တော့လဲ စိတ်မကောင်း

" တိတ်တော့နော် ၊ မမ လဲ အခု ဘာမှမဖြစ်ဘူး လေ
ငယ်ရဲ့ ပေးလက်...မမ ပတ်တီး ပတ်ပေးမယ် "

မမ ရဲ့ ငယ်>Completed<Onde histórias criam vida. Descubra agora