💕 Special Extra 💕ZG

159 6 0
                                    

~~~ မမ ရဲ့ ငယ် ~~~

~~~ Special Extra ~~~

~~~ ရက်ကို လစား လကို နှစ်စား ၍
ပန်းခတ်ဆူး နဲ့ မှုံနံ့သာ ရဲ အိမ်ထောင်သက်တမ်းဟာဖြင့်
တစ်နှစ်ကျော်လို့ နှစ်နှစ်​ကျော်ထဲ​တောင်​ရောက်ခဲ့​လေပြီ ~~~

" မကြီးခတ်ရေ ဒီမှာ မှုံ သရက်သီးသုပ်တွေစားနေတယ် "

" ဟာ... ရွှန်းရွှန်း "

" မကြီး​ရေ မြန်မြန်လာနော် ရွှန်းတားတာလဲ မရဘူး ၊
ရွှန်း Company သွားပြီမကြီးရေ "

အောက်ထပ်က ညီမလေး အော်သံကြားတာနဲ့
ငယ်ဆေးသောက်ဖို့ ဆေးသွားယူတဲ့ ခတ် အမြန်ပြေးဆင်း
လာခဲ့ရတယ်

" ငယ်ကွာ အစပ်တွေ စားလို့ မရဘူးလေ "

" ငရုပ်သီးတွေအများကြီးပဲ...ကျစ် "
ငယ်စားနေတဲ့ သရက်သီးသုပ် ပန်းကန်ကို
ယူကြည့်လိုက်တော့
ငရုပ်သီးတွေ နည်းတာမဟုတ်

" ဘာလဲ မမ က ငယ့်ကို ငြိုငြင်တာလား "

" မဟုတ်ဘူးလေကွာ "

" ဟုတ်ပါတယ် မမ ငယ့်ကို စိတ်မရှည်တော့ဘူး
ငယ့် ကို မချစ်တော့ပါဘူး... ဟင့် "

" မဟုတ်ဘူးလေ ငယ်ရယ် ၊ မငိုပါနဲ့ ကွာ တိတ် တိတ် ၊
မမ ပြောတာက ပိစိလေး ရှိနေတယ်လေ ငယ်ရယ် ၊
အဲ့တော့ ငယ် အစပ်စားလို့မရဘူး​လေ "

" ဟင့် တဂယ်လား "

" တကယ်ပေါ့ ငယ် ရဲ့ "

" ပြီးကော အဲ့ဆို ငယ် ပူတင်း စားချင်တယ် ၊
မမ လုပ်ပေးနော် "

" လုပ်​ပေးမယ်​နော် ငယ်က ငြိမ်ငြိမ်လေး
ထိုင်နေဟုတ်ပြီလား ၊ ပြီးရင် ဆေးသောက်ရမယ်
လောလောဆယ်က အချဉ်စား
ထားတော့ ဆေးသောက်လို့ မရသေးဘူး "

" ဟုတ် "
ထမင်းစား စားပွဲမှာ ထိုင်နေတဲ့ ငယ့်ခေါင်းလေးကို
ပုတ်ပေးပြီး ပူတင်းလုပ်ဖို့ စရတော့တယ် ။

အင်း အခုဆိုရင် ငယ့်မှာ ခတ်နဲ့ငယ်ရဲ့ ရင်သွေးလေးကို
လွယ်ထားရပြီလေ ၈လ ထဲတောင် ရောက်ကော​ပေါ့
ခတ် တို့ ပြန်အဆင်ပြေပြီး ခတ် လုပ်ငန်း​တွေကို
ဝိုင်းကူပေးတယ်
အဲ့နောက် ခတ်တို့ လက်ထပ်တာ ၂နှစ်ပြည့်တဲ့နေ့မှာ
ငယ်က ခတ်ကို လက်ဆောင်အနေနဲ့ ပိစိ​လေးကို
ပေးခဲ့တယ် ။ ခတ်က ယောကျာ်း လေး ဟော်မုန်းများတာ
မို့ သိပ်တော့ အခတ်ခဲမရှိ ဆရာဝန်ညွှန်ကြားချက်အတိုင်း
ငယ်က ဆေးတွေ​သောက်ပြီး နောက်ကျ
ပိစိ​လေး ရောက်လာ တော့တာပဲ ။

မမ ရဲ့ ငယ်>Completed<Where stories live. Discover now