အပိုင်း ၅၃

108 11 1
                                    

သူမရဲ့သရုပ်ဆောင်မှုက ပရော်ဖက်ရှင်နယ်ဆန်တယ်

“ဟင်…..?”


လန်ဂျင်းယွိ စကားကိုကြားတော့ လဲ့ယောင်းယောင်းမျက်နှာမှာ အနည်းငယ် အံ့အားသင့်သွားတယ် ။ ထို့နောက် တစ်စုံတစ်ခုကို ရိပ်မိသွားပြီး မျက်လုံးတွေ  မှိတ်တုတ်မှိတ်တုတ်ဖြစ်လာတယ်


သူမလက်တွေက ချောမွတ်လွန်းတာကြောင့် ငရဲမင်းက စုံစမ်းစစ်ဆေးနိုင်မလား?

သူ့ရဲ့ စူးစမ်းမှုစွမ်းရည်က ပြင်းထန်လွန်းတယ်!!

ဒါပေမယ့် တကယ်တော့ လဲ့ယောင်းယောင်း ဒါကို စောစောကတည်းက သတိထားမိခဲ့တာ။

ရှောင်မုဇီ သူမကိုပြောပြထားတယ်လေ သူမက ဆင်းရဲတဲ့ နောက်ခံကနေ ဆင်းသက်လာတာတဲ့ အဲ့တာကြောင့် မိန်းမစိုးအဖြစ် သူမ ရောင်းစားခံရတာ။  ဒါပေမယ့် သူမက ဆင်းရဲတဲ့နောက်ခံကနေ ဆင်းသက်လာတာဆိုရင် သူမရဲ့ လက်တွေဟာ အလွန်ကြမ်းတမ်းနေသင့်ပါတယ်။

"စောစီးစွာတာဝန်ယူခြင်း၏ ရလဒ်တွေကညံ့ဖျင်းတယ်" ဆိုတဲ့ စကားရှိတယ်မဟုတ်ပါလား။

သူမရဲ့ နောက်ခံက ဆင်းရဲသောကြောင့် ငယ်စဉ်ကပင် အလုပ်ကြမ်းမျိုးစုံ လုပ်ခဲ့ရမယ်။  သူမရဲ့လက်သေးသေးလေးတွေက အသားမာတွေနဲ့ ပြည့်နေသင့်တာ။  ဒါပေမယ့် အဲဒီအစား ဒီခန္ဓာကိုယ်မှာ ဖြူဖွေးနူးညံ့တဲ့ အသားအရေရှိတယ်။ အဲ့တာက အမြင့်ဆုံးအဆင့် ပိုးထည်နဲ့တောင် နှိုင်းယှဉ်နိုင်နေပြီ။ ဒါ့အပြင် အဲ့တာက အစက်အပြောက်ကင်းစင်ပြီး အလွန်ဖြူဖွေးလှသည်


သူမရဲ့လက်တစ်စုံက အလွန်နူးညံ့တယ် သူမအဲ့တာကို အရမ်းကြိုက်တယ်!

ဒါပေမယ့် လက်ရှိတွင် ဒီလက်တစ်စုံက ငရဲမင်းအား သံသယဖြစ်စေသည်။  အဲဒါက သေချာပေါက် အဆင်မပြေဘူး။

သူမ တုံ့ပြန်မှု ညံ့ဖျင်းပါက ငရဲမင်းက ပို၍ပင် သံသယဖြစ်လာဖွယ်ရှိပြီး သူမ၏ မိသားစုဝင်များကို မေးမြန်းရန်အတွက်ပင် လိုက်လံရှာဖွေနိုင်သည်။ အဲဒီအခါမှာ သူမ ဘာလုပ်ရမလဲ?

သူမ ဒီအထောက်အထားနှင့်ပတ်သက်သည့် အမှန်တရားကို ရှာဖွေလိုသော်လည်း ငရဲမင်းက သူမ အမျိုးသမီးဖြစ်ကြောင်း တွေ့ရှိသွားခဲ့ရင်........

ကိုယဝန်နဲ့ မိန်းမစိုးလေး { Zawgyi } [Myanmar trans]Where stories live. Discover now