Part...9

4.1K 681 31
                                    

ထိုသို့ဂျီမင်းအချစ်အားငြင်းပယ်ပြီးသည့်နောက်
ထယ်ယောင်းသိသိသာသာရော၊မသိမသာရော
ဂျီမင်းအားရှောင်လာတတ်သည်။သူ၏အချိန်အများစုကိုကျောင်းစာသင်ခန်းတွင်သာကုန်ဆုံး
ခဲ့ပြီးကျောင်းဆင်းပြီးထပ်လောင်းအချိန်ပိုတွေ
ကိုတော့ Libaryထဲမှာပင်စာကြည့်ရင်းအချိန်ဖြုန်း
နေခဲ့သည်။စာလုပ်ရသည်ကိုမကြိုက်သည့်ထယ်
ယောင်းလိုလူအတွက် Libaryနေရာကလူရူပ်တဲ့
အပြင်သက်တောင့်သက်သာလည်းမရှိ။ဒါပေမဲ့..
ဂျီမင်းအားရှောင်ရှားရန်တော့အဆင်ပြေသေး
သည်မဟုတ်လား။ဒါ့ကြောင့် အောင့်အီးကာပင်
Libary လိုနေရာမျိုးကိုထယ်ယောင်းနေ့တိုင်းလာ
ခဲ့သည်။ထို့သိတိုင် ထယ်ယောင်းမှာအန္တာရယ်
တစ်ခုနှင့်ရင်ဆိုင်နေရတုန်းပင်။

ကျောင်းသားတွေနဲ့ရောနှောနေချိန်လုံခြုံမူ့ရှိပြီး
သူတစ်ယောက်တည်းရှိချိန်ဆိုရင်တော့...မမြင်
ရတဲ့ တစ်စုံတစ်ယောက်ဆီမှစောင့်ကြည့်ခြင်းကို
ခံနေရသလိုအမြဲတစေခံစားမိသည်။စာကြည့်
ဆောင်ကခုံတွေသည်လည်းရိုးတိုးရိပ်တပ်လူပ်
ရှားသွားသလိုတစ်ချို့စာအုပ်တွေဆိုရင်လည်း
ထယ်ယောင်းယူမကြည့်ဘဲစာအုပ်စင်ကနေအလို
လိုကျလာတတ်သည်။အခန်းအပူချိန်မှာပုံမှန်
ထက်အေးစက်နေပြီးဟိုနားကလိုလို၊ဒီနားကလို
လို နဲ့ အခန်းနံရံထောင့်တွေဆီကနေသူ့နာမည်
ထယ်ယောင်းလို့ခေါ်သံကိုလည်းမသဲမကွဲ ကြား
ရတတ်သည်။
တစ်ရံတစ်ခါသူဇက်ပိုးကိုလေအေးအေးဖြင့်
လာမူတ်ကာကျီစားတတ်ပြီးအဆိုးဆုံးကတော့
မမြင်ရတဲ့ ထိုနတ်ဆိုးက ထယ်ယောင်းအား
ရဲတင်းစွာပင် အနောက်ကသိမ်းကျုံးပွေ့ဖက်လာ
သည်။
သူ့အနီးအနားမှာကြာလေ နတ်ဆိုး၏အငွေ့အသက်
တွေပိုလွှမ်းခြုံလာကာအိမ်မက်ထဲတွင်သာမက
ထယ်ယောင်း၏လက်တွေ့ဘဝအစိတ်အပိုင်းတစ်
ခုထိ ဝင်ရောက်နှောင့်ယှက်လာတော့သည်။
ဂျီမင်းကလည်းအသဲကွဲသူလိုညတိုင်းမူးရူးကာ
အခန်းကိုပြန်လာတတ်ပြီးထယ်ယောင်းကိုတွေ့
တိုင်း လုံးဝလက်မလျှော့ဘဲ ရည်းစားစကားပြောတုန်းပင်။

ဒါတွေကအခုတလောနေ့စဥ်ရက်ဆက်ကြုံတွေ့
နေရသည့်ထယ်ယောင်းအခက်အခဲများသာဖြစ်
ပြီးတစ်ယောက်ထဲနေချိန်ဆို နတ်ဆိုးJEON အား
ကြောက်ရသလို အဆောင်ပြန်ရင်လည်းဂျီမင်း
နှင့်ရင်မဆိုင်ရဲသည်မို့ဘယ်နေရာခြေ ချရမယ်
မှန်းမသိတဲ့လူလိုပင်ရွာရိုးကိုးပေါက်တစ်လမ်းဝင်
တစ်လမ်းထွက်လျှောက်သွားနေမိသည်။
ငြင်းပယ်မရသည် အမှန်းတရားက လူတစ်
ယောက်နောက်အရိပ်ကထပ်ချပ်မကွာလိုက်သလို
ထယ်ယောင်းဘယ်နေရာရောက်ရောက် နတ်ဆိုး
၏မျက်လုံးအစုံမှာကပ်ပါလာ၏ ။ ရှည်ကြာ
လှသောအမှောင်ယံက ထယ်ယောင်းတစ်ယောက်
တည်းအတွက် မလုံမလဲခံစားချက်ကြီးဖြင့်
စိတ္တဇဆန်စွာရှင်သန်စေသည်။

The Watcher(Completed )Where stories live. Discover now