Part..11

4.3K 708 69
                                    

ဂျီမင်းနိုးနိုးချင်းစတွေ့​မြင်ရသူမှာ...ထယ်ယောင်း
လေးပင်ဖြစ်သောကြောင့်ပြုံးမိပါသေးသည်။
တစ်ချိန်လုံးတစ်ညလုံးသူ့ဘေးနားထိုင်ကာထယ်
ယောင်းစောင့်ရှောက်ပြုစုပေးသည်ကိုတွေးမိ
သောအခါပီတိဖြစ်ရပြန်သည်။

ဘယ်နိယာမ မဆိုအသွားအပြန်ရှိသည်ဆိုတဲ့
စကားကအလကား​တော့မဟုတ်။

"ဒီလိုပဲ ပြုံးပြီးကြည့်နေတော့မှာလား၊ဘယ်လိုနေ
လဲ.. နေရထိုင်ရတာရောသက်သာလား"

"ကိုယ်နေကောင်းပါတယ်၊ တစ်ညလုံးကိုယ့်ကို
ထယ်ယောင်းစောင့်ပေးနေတာလား၊အဆောင်မူး
ရော..အဆောင်မှာဒီလောက်လူတွေအများကြီး
ရှိတာတစ်ယောက်ယောက်ကိုလွှတ်လိုက်တာမဟုတ်ဘူး"

ဂျီမင်းကနိုးလာသည်နှင့်စကားကိုတရစပ်ပြော
လာ​သည်။ ထို့နောက်ကုန်းကာထလိုက်သောကြောင့်ထယ်ယောင်းတွဲကူဖေးမလိုက်ပြီးကုတင်နဲ့သူ့
ကြားခေါင်းအုံးတစ်လုံးထိုးထည့်ပေးလိုက်သည်။

"အဆောင်းမူးက နေ့လည်လောက်ဆိုလာလိမ့်
မယ်၊အရမ်းတွေ့ချင်နေတာမလား"

တစ်လွဲထင်သွားသည့်ထယ်ယောင်းရယ်ကြောင့်
ဂျီမင်းခများငိုရမလိုရယ်ရမလိုတောင်ဖြစ်သွားရသည်။

"ဘယ်ကသာ ကိုယ်ကဘာလို့အဆောင်မူးကို
တွေ့ချင်ရမှာလား၊ထယ်ယောင်းညဘက်အိပ်ရေး
ပျက်မှာစိုးလို့စိတ်ပူတာ..ကိုယ့်စေတနာကိုနား
လည်တယ်...ဟုတ်"

လူနာတစ်ဖြစ်လဲပတ်ခ်ဂျီမင်းနဲ့ဆက်ပြီးငြ င်းခုံ
ဖို့ရာထယ်ယောင်းအစီအစဥ်မရှိ။ထို့ကြောင့်
Wettissue စအားဆွဲထုတ်ပြီး ဂျီမင်းမျက်နှာအနှံ
ခပ်ဖွဖွသုတ်ပေးလိုက်သည်။

"ရေနည်းနည်းလောက်သောက်မလား"

"အွန်း..."

ရေခွက်ထဲ ရေသန့်အနည်းငယ်ထည့်ပေးလိုက်
ပြီးဂျီမင်းအားကမ်းပေးလိုက်သည်။ရေပူ
ရေအေးကမ်းပေးလာသောအလှလေးရယ်
ကြောင့်ဂျီမင်းရောဂါပင် ဘယ်ချောင်ကပ်သွားလဲ
မသိတော့။

"ဘာစားချင်လဲ၊တစ်ခုခုစားမလား သွား ပြေး
ဝယ်ပေးမယ်"

"ဘာမှမစားချင်ဘူး၊ထယ်ယောင်းကိုကြည့်နေ
ရုံနဲ့တင်ဗိုက်ဝတယ်"

The Watcher(Completed )Where stories live. Discover now