Part...10

4.3K 714 71
                                    

ထယ်ယောင်း၏ မနက်ခင်းကဂျီမင်းလက်မောင်းတွေကြားအိပ်ပျော်နေရာမှနိုးထလာခဲ့သည်။ ဘုန်းတော်ကြီးဂျိုစ့်သေဆုံးမူ့သတင်းကထယ်ယောင်း
အားရုပ်ပိုင်းဆိုင်ရာထိတ်လန့်စေတဲ့အပြင်စိတ်ပိုင်း
ဆိုင်ရာလည်းသွေးပျက်ခြောက်ခြားစေသည်။သူ့
ဘေးနားက လူတိုင်း၊သူ့အားကိုယုံကြည်ရဖူးတဲ့
လူတိုင်းအသေဆိုးနဲ့ကြုံခဲ့ရပြီးနောက်ထပ်လူ
ဘယ်နှစ်ယောက်လောက်များသူ့ကြောင့်သေဆုံး
ကြဦးမယ်ဆိုတာမသိ။

လက်တလောသူ့မှာသံယောဇဥ်ထားစရာဆိုလို့
မိဘနှစ်ပါးနှင့်ဂျီမင်းရယ်သာ။

ဂျီမင်း...ဂျီမင်းကတော့ ထယ်ယောင်းဘဝအ
တွက်အနည်းငယ်အရေးပါသူလို့ဆိုရမည်။
ဘယ်သူမှအပေါင်းအသင်းမလုပ် ဖယ်ကျဥ်ခြင်း
ခံထားရတဲ့သူလိုလူအတွက် အကြင်သူသည်သာ
ဂရုစိုက်ကာနွေးထွေးလုံခြုံမူ့ပေးခဲ့သည်။

လက်မောင်းတွေကြားမှာပွေ့ဖက်ရင်းနှစ်သိမ့်
ပေးခဲ့တယ်။ချစ်လားမေးရင်တော့...သူငယ်
ချင်းဆိုတဲ့သံယောဇဥ်ကိုခပ်ပါးပါးအရောင်စွန်း
ရုံပေါ့။

ခပ်မာမာကျောက်တုံးကျောက်ဆောင်တွေတောင်
ရေလေတိုက်စားရင်ပြိုကျပျက်စီးသေးတာပဲ။
ထယ်ယောင်းရဲ့ဆယ်ကျော်သက်နှလုံးသားက
အဲ့ကျောက်ဆောင်တွေလောက် မာကျောနေသည်
မှမဟုတ်တာ။

ထယ်ယောင်းမျက်နှာပေါ်တွင်အပြုံးယေးယေး
လေးပေါ်လာပြီး မချင့်မရဲပင်အိပ်ပျော်နေတဲ့ဂျီ
မင်းမျက်နှာအားမထိတထိလှမ်းကိုင်ဖို့ကြိုးစား
လိုက်ပေမဲ့လမ်းခုလတ်မှာပင်ထိုလက်ကလေး
ကရပ်တန့်သွားရသည်။

ဂျီမင်းကိုသူမနိူးရက်သည်လား
ရင်ဆိုင်ရမှာကြောက်နေသည်လား။

နတ်ဆိုးတစ်ကောင်သာသူ့ဘဝကိုလာမပတ်
သတ်ခဲ့ဘူးဆိုရင်...အခုချိန်ထယ်ယောင်း
ထင်ရာစိုင်းပြီးဂျီမင်းကိုချစ်မိမည်ထင်၏ ။

နောက်တစ်ကြိမ် အိပ်ပျော်နေသောဂျီမင်းကို
တို့ထိကြည့်ရန်ကြိုးစားမိလိုက်ပြီးပါးဖောင်းဖောင်း
လေးအားလက်နဲ့မသိမသာတို့ဆိတ်ကြည့်မိလိုက်
သည်။

"အမလေး...."

"ဂျီမင်း...ဂျီမင်း...ထပါဦးလို့"

The Watcher(Completed )Where stories live. Discover now