Part...16

4.7K 674 83
                                    

မောင်မယ်သစ်လွင်ကြိုဆိုပွဲကြောင့်ကျောင်းရှိ
လူအများစုမှာအနည်းငယ်အလုပ်ရူပ်နေကြသည်။
ထယ်ယောင်းက ကျောင်းကပွဲပျော်ပွဲရွှင်ပွဲတွေ
မပါသည့်တိုင်အခမ်းအနားပြင်ဆင်ရေးအတွက်
တစ်ဖက်တစ်လမ်းကပါဝင်ကူညီပေးခဲ့သည်။
သစ်သားတွေပုံးတွေနဲ့ ကြီးမားတဲ့အရာဝတ္ထု
တွေမသယ်နိုင်လင့်ကစား မီးအလှဆင်တဲ့နေရာ
တွင်တော့တစ်တပ်တစ်အားကူညီအားဖြည့်ထား
သည်။

လှေကားထောင်ပြီးမျက်နှာကျက်ပေါ်ကမီးသီးလှည့်ကာဖြုတ်လိုက်သည်။ထို့နောက်လက်ထဲပါလာသောအသစ်တစ်လုံးနဲ့အစားထိုးလဲလှယ်လိုက်သည်။

"ယောင်း..ဆင်းလာခဲ့၊အန္တာရယ်များတယ်"

အောက်ကနေ အသဲအသန်အော်ပြောနေသောဂျီ
မင်းကြောင့်ထယ်ယောင်းရယ်ချင်မိသွားသည်။
ထို့နောက်ထောင်ထားသောလှေကားကနေဂရု
တစ်စိုက်ပြန်ဆင်းလာခဲ့သည်။

"မီးလုံးလေးတပ်တာကိုကွာ၊ဘယ်က အန္တာရယ်
ရှိမှာလဲ"

"ဒီအတိုင်းငါက တစ်ခုခုဖြစ်မှာစိုးရိမ်လို့"

"ဘာမှမဖြစ်ပါဘူးကွာ၊နောက်ထပ်သုံးလေးလုံးလောက် မီးသီးလဲပြီးရင်ပြီးပြီ"

ထယ်ယောင်း..ဂျီမင်းစိတ်မပူစေရန်ဂရုတစ်စိုက်
ရှင်းပြလိုက်သည်။

"ဘာမှလဲမနေနဲ့၊နေ့လည်စာသွားစားရအောင်၊
ငါဒီအလုပ်တွေအားလုံးကင်မ်ဂျယ်ဝူးကိုခိုင်းထား
ခဲဲ့ပြီးသား"

ဂျီမင်းက စကားထက်လက်မြန်သည်။ချက်ချင်း
ပင်ထယ်ယောင်းလက်ကိုဆွဲကာ နေ့လည်စာစား
ဖို့ကျောင်းခေါင်မိုးထပ်ကိုခေါ်သွားတော့သည်။
ကင်မ်ဂျယ်ဝူးလိုကျောင်း လူဆိုးကောင်ကိုခိုင်း
နိုင်သည့်ဂျီမင်းအရှိန်အဝါကတော်ရုံမဟုတ်။
ကျောင်းကလူအများစုမှာ...ဂျီမင်းလက်ဆွဲခေါ်
ရာနောက် ဒရောသောပါးလေးပါသွားတဲ့ထယ်
ယောင်းကိုကြည့်ကာအားအကျကြီးကျနေတော့
သည်။

ဂျီမင်းကကျောင်းကိုပြောင်းလာတာမကြာသေး
ပေမဲ့ရုပ်ရည်ချောမောမူ့ရော၊ ချစ််ဖို့ကောင်းပြီး
ဆွဲဆောင်မူ့ရှိတဲ့အသွင်အပြင်ကြောင့် ကျောင်းထဲမှာတော့်တော့်ကိုရေပန်းစားသည့်ကျောင်းသားတစ်ဦးပင်။

The Watcher(Completed )Where stories live. Discover now