Part...15

4.2K 718 138
                                    

ဒယ်ယန်း....ရှေးခေတ်ပဝသဏီတုန်းကဒယ်ယန်းဟာတောင်ကိုရီယားပိုင်ကျွန်းဆွယ်နယ်မြေထဲကမြို့ပြသေးသေးလေပါပဲ။ဆင်ခြေလျှောပေါများတဲ့တောင်ကုန်းတောင်တန်းတွေရယ်၊မြူခိုး
ငွေ့တွေအုံဆိုင်းနေတဲ့တောင်ပတ်လမ်းတွေ၊တစ်မျှော်တစ်ခေါ်လှပတဲ့နေကြာစိုက်ခင်းကြီးတွေနဲ့အရမ်းကိုအေးချမ်းပါသတဲ့။

ကိုးကွယ်ရာယုံကြည်သည့်ဘာသာရယ်ဆိုလို့သိပ်
မရှိကြ။ရှေးခေတ်အယူဝါဒအတိုင်း... ကမ္ဘာမြေ
ကြီးနှင့်သူ၏အစောင့်အရှောက်နတ်ဘုရားများကို
သာအားပြုကိုးကွယ်ကြသည်။လူတန်းစားအများ
စုကတော့ဆင်းရဲနွမ်းပါးပြီးတစ်ပိုင်တစ်နိုင်ဖိနပ်
လုပ်ငန်းကိုလုပ်ကိုင်ကြတယ်။အဲ့ခေတ်အဲ့အခါ
တုန်းက ဒယ်ယန်းကလာတဲ့ဖိနပ်တွေကစျေးအကြီး
ဆုံးပဲပေါ့။

အရမ်းသာယာတဲ့တောင်ပေါ်မြို့လေးကိုသွားချင်
လား။ ရာသီပေါ်သီးနှံတွေနဲ့ဖြူစင်ရိုးသားတဲ့လူ
တွေရဲ့အပြုံးကို​မြင်တွေ့ရမှာဖြစ်ပြီးတောင်ပတ်
လမ်းက ဖိနပ်ချုပ်ဖို့အောက်ခံရော်ဘာပြားအထုပ်
အကြီးကြီးကိုထမ်းပိုးရင်းသွား​နေတဲ့ဆယ်နှစ်အ
ရွယ်ကလေးငယ်ကိုလည်း​မြင်ကြရဦးမည်။

ကလေးနာမည်က ဂျွန်ဂျောင်ကု။ဘယ်ကနေဘယ်
လိုလေ လွင့်ပြီးရောက်လာမှန်းမသိတဲ့ဆယ်နှစ်
အရွယ်ကလေးငယ်လေးသည်မြို့ထဲကလူတစ်ကာ
၏ခိုင်းဖက်ဖြစ်လာသည်။ငွေပြားလေးတစ်ပြား
ရဖို့အတွက်တစ်နေ့လုံးခိုင်းသမျှအလုပ်တွေမည ည်းမညူလုပ်တဲ့အပြင်ဆဲဆိုကြိမ်းမောင်းခြင်းလဲ
ခံရသည်။နွေးမိုးဆောင်းရာသီသုံးခုလုံစုတ်ပြဲ
ပေတေနဲ့အကျီအစုတ်လေးပဲဝတ်ခဲ့ရပြီးချေးအထပ်ထပ်ဖုံးလွှမ်းကာနဂိုအသားအရေတောင်
ပျောက်လုလု။ဒါပေမဲ့ ဂျောင်ကုလေး၏အပြုံး
တွေက စစ်မှန်ပါသေးသည်။သူကမနက်မိုးလင်း
ရင်အိမ်တစ်ကာအိမ်လိုက်ပတ်ကာခိုင်းစရာလို
သေးလာဟုတံခါးခေါက်လိုက်မေးသည်။ ဒါမှ
နေ့လည်ငွေသုံးပြားတန်သည်ပါမုန့်ခြောက်ကို
ဝယ်စားနိုင်မှာလေ။ တစ်ချို့အိမ်တွေကျတော့
လည်အလုပ်သာနင်းခိုင်းတတ်တာပိုက်ဆံကျတော့
မပေးချင်။ရွယ်တူကလေးတွေနဲ့ဆော့ကစားချင်
သော်ငြားဘယ်သူမှအပေါင်းအသင်းမလုပ်။သူ့
ကဆင်းရဲသည်မို့တွေ့တာနဲ့ရွံစရာသတ္တဝါတစ်
ကောင်လိုဆက်ဆံခံရတတ်သည်။

The Watcher(Completed )Where stories live. Discover now