part 3

524 62 0
                                    

U

မနက်မိုးလင်းတော့ ဆောင်းဦးဝင်စမို့အေးစိမ့်စိမ့်လေးဖြစ်နေတာမို့JunKyuတစ်ယောက်စောင်ပုံထဲကမထွက်ချင်ပေမဲ့မနေ့ကလိုနောက်ကျနေမှာစိုးတာကြောင့်မို့
ကုန်းရုံးထကာအတန်းတက်ဖို့ပြင်ရပြီရေချိုးခန်းထဲရောက်တော့

သူကိုယ်သူအ‌စောကြီးထတယ်ထင်နေခဲ့တာအခု‌တော့ဟိုမာနကြီးတဲ့Harutoကအရင်ရောက်နေတာကိုတွေ့
လိုက်ရတယ်

သွားတိုက်ဖို့သွားတိုက်တံကို လှမ်းယူတဲ့အချိန်မှာတစ်ဖက်လူကစကားစပြောလာရော

Haruto: သွားတိုက်တံကcoalaအရုပ်နဲ့ကလေးဆန်လိုက်တာ

JunKyu: ငါပုံစံနဲ့ငါ နေတတ်သလိုနေတာလေ မင်းကဘာလို့လိုက်ပြောနေတာလဲ

တစ်ဖက်လူရဲ့ခပ်စွာစွာအသံလေးကြောင့် Rutoတစ်ယောက်ပြုံးမိသွားတယ်

JunKyuရဲ့အကျင့်ကပုံမှန်ဆိုအားနာတတ်တဲ့စိတ်ရှိ
ပေမဲ့Harutoအပေါ်မှာတော့ချွင်းချက်ဖြစ်နေတာမို့သူ့ကိုယ်သူအံ့ဩနေမိတယ်

JunKyu ,Yoshi ,Asahi 3ယောက်သားအဆောင်ကထွက်လာတော့ Harutoကိုမတွေ့မိတာကြောင့်

Yoshiက ငါတို့အခန်းကိုညကပြောင်းလာတဲ့ Harutoဆိုတဲ့တစ်ယောက်ကပေါင်းရခက်မဲ့ပုံပဲနော်

JunKyu: ထားလိုက်ပါ သူ့ဘာသာနေပါစေငါတို့ကန်တင်းအရင်ထိုင်ရအောင်လေ အတန်းတက်ဖို့စောသေးတယ်

3ယောက်သားကန်တင်းဆီကိုချီတက်ကြတော့Rutoတို့အဖွဲ့ကိုတွေ့လိုက်ရတယ်မမြင်ချင်ယောင်ဆောင်ပြီးမနက်စာအတွက်စားစာရာတွေသာမှာလိုက်တော့တယ်

Harutoအကြည့်တွေကစဝင်လာထဲကဘေးက2ယောက်နဲ့စကား‌ပြောရင်းပြုံးနေတဲ့လူဆီကအကြည့်မခွာနိုင်ခဲ့ဘူး Jihoonကမြင်တော့စချင်လာတယ်

Jihoon: Ruto မင်းဘာလို့သူ့ကိုကြည့်နေတာလဲကြိုက်လို့လား

Jihoonရဲ့အမေးစကားကိုပြန်မဖြေပဲဒီအတိုင်းငြိမ်နေလိုက်တော့တယ်သူ့စိတ်ထဲမတင်မကျမှု့တွေရှိနေသေးတဲ့အတွက်အဖြေပြန်မပေးလိုက်တာပါ

အတန်းထဲရောက်တော့ လွယ်အိတ်‌ထဲမှာဟိုရှာဒီရှာလုပ်နေတဲ့ကောင်လေးကိုကြည့်ရင်းသူစိတ်ရှုပ်လာတယ်သူ့နားထဲကိုအသံတိုးတိုးလေးနဲ့ပြောလာတာက

𝖬𝗈𝗋𝖾 𝖳𝗁𝖺𝗇 𝖫𝗂𝖿𝖾 💙 〈 𝙷𝚊𝚛𝚞𝙺𝚢𝚞 〉 Complete Where stories live. Discover now