part 5

515 57 0
                                    

U

ဒီနေ့ကပိတ်ရက်ဖြစ်တဲ့အတွက်Busကလူတွေကြပ်နေကြတယ်ဒါပေမဲ့လည်းမတတ်နိုင် 2ယောက်သားကားပေါ်ရောက်တော့ခြေချစရာနေရာကိုမရှိတော့

နေရာရွေ့ရင်းနဲ့2ယောက်သားကမျက်နှာချင်းဆိုင်အနေအထားဖြစ်သွား‌တယ်လူလည်းကြပ်ဘရိတ်အုပ်လိုက်တဲ့အချိန်မှာတော့ JunKyuတစ်ယောက်အရှိန်မထိန်းနိုင်တော့ပဲအရှေ့ကရင်ခွင်ကျယ်ကြီးဆီလဲကျသွားတော့တယ်

ငါအရှိန်မထိန်းနိုင်တော့လို့ပါဆိုပြီးပြောဖို့အမော့မှာRutoကလည်းသူ့ကိုငုံ့ကြည့်နေတဲ့အတွက်အရပ်သိပ်မကွာတဲ့သူတွေမို့မသိလိုက်ခင်မှာပဲသူတို့2ယောက်ရဲ့နှုတ်ခမ်းတစုံဟာထိတွေ့သွားကြတယ်ချိုမြိန်တယ်နူးညံ့တယ်

2ယောက်သားအသိဝင်လာကြတော့ဖယ်ခွာသွားကြပြီးရှို့တိုးရှန်းတန်းတွေဖြစ်နေကြတယ်ဘယ်သူကအရင်စပြီးစကားပြောရမလဲမသိလို့တစ်လမ်းလုံးငြိမ်လာကြရင်း

Haruto : ရှေ့မှတ်တိုင်ဆိုဆင်းလို့ရပြီ ကစားကွင်းသွားပြီးညနေကျမှနမ့်ဆန်တာဝါလိုက်ပို့ပေးမယ်

စကားသာပြောနေရတာRutoရဲ့ရင်ခုန်သံတွေကထိန်းမရတော့နဂိုကမှကိုယ့်စိတ်ကမရိုးမသားဖြစ်နေမိတာကြောင့်နေရခက်နေမိတယ်ကိုယ့်ရဲ့First Kissကို ကိုကိုနမ်းလိုက်ပြီမို့တာဝန်ယူ‌ရတော့မယ်

ခုနကထဲကစိတ်နဲ့ကိုယ်နဲ့မကပ်တဲ့JunKyuတစ်ယောက်Rutoပြောစကားကြောင့်အသိပြန်ဝင်လာရတယ်ငယ်ငယ်ထဲကစာတွေပဲကြိုးစားရင်းနေလာတဲ့သူ့အတွက်ရည်းစားဆိုတာမလိုအပ်ဘူးထင်နေမိတဲ့သူမျိုး

အခုတော့ကိုယ်နဲ့မတော်တဆနမ်းမိသွားတာကမာနကြီးလို့သူတစ်ချိန်လုံးကြည့်မရဖြစ်နေတဲ့လူပိုဆိုးတာကသူဟာယောက်ျားလေးတစ်ယောက်ကိုယ့်ရဲ့စိတ်တိမ်းညွတ်မှု့ကိုအခုထိသေချာမစဉ်းစားမိခဲ့ပေနဲ့ရင်ခုန်နေမိတယ်ဒါဟာတခြားသူမဟုတ်ပဲRutoဖြစ်နေလို့များလား

ကစားကွင်းထဲလျှောက်လည်ဖြစ်ကြတော့စိတ်လွတ်ကိုယ်လွတ်ပျော်နေတဲ့Hyungကိုကြည့်ရင်းသူပါအပျော်တွေပါကူးစက်လာတယ်သေချာနေတဲ့အရာတခုကသူ့အနားမှာHyungရှိမှအဆင်ပြေမှာထုတ်ပြောလို့မရသေးတဲ့အချိန်မို့မျိုသိပ်ထားလိုက်ပါမယ်လေ

𝖬𝗈𝗋𝖾 𝖳𝗁𝖺𝗇 𝖫𝗂𝖿𝖾 💙 〈 𝙷𝚊𝚛𝚞𝙺𝚢𝚞 〉 Complete Where stories live. Discover now