Final

482 35 2
                                    

U

ဒီနေ့ကသူတို့ဘွဲ့ယူရမဲ့နေ့ရောက်လို့လာခဲ့ပြီကျောင်းကမတူပေမဲ့သိပ်မဝေးတာမို့Rutoကသူဒီကိုအကုန်လုံးပြီးသွားတာနဲ့လာခဲ့မယ်ပြောထားလို့JunKyuအထဲကကိစ္စတွေပြီးသွားပြီမို့အပြင်‌ထွက်လာတော့သူ့ကောင်လေးကမရောက်သေးတာမို့ရပ်စောင့်နေတုန်းအရှေ့မှာပန်းစည်းပိုက်လို့ရပ်နေသူကမားနဲ့ပါး အလုပ်များလို့အချိန်မမှီမလာနိုင်ဘူးပြောထားလို့သူဝမ်းနည်းနေမိတာ

မားရဲ့သားလေး ကျောင်းပြီးသွားခဲ့ပြီဂုဏ်ယူပါတယ်အချစ်ကလေး ပါးကလည်းပြုံးပြီးဂုဏ်ယူပါတယ်နော်ပြောနေတော့သူဖက်ထားလိုက်မိတယ်နောက်ကျသွားပြီလားဆိုပြီးအသံနဲ့အတူရောက်လာတာကHarutoမိဘတွေပါးလက်ထဲကဆင်တူပန်းစည်းတစ်ခုကိုမားကယူပြီးသူ့ကိုကမ်းပေးလာတယ်

မိဘတွေကသစ်ပင်ရိပ်အောက်မှာထိုင်နေကြတုန်းJunKyuကျောင်းကိုနောက်ခံထားလို့ပုံတွေရိုက်နေမိတယ်အချိန်တွေကအကုန်မြန်တယ်အထက်တန်းပြီးတာလည်းမနေ့ကလို ဘွဲ့ရဖို့2ယောက်အတူကြိုးစားခဲ့ရတာလည်းမနေ့ကလိုပါပဲစာမေးပွဲဖြေရတာချင်းအတူတောင်အစစအရာရာအကုန်လုပ်ပေးတဲ့Rutoနဲ့တစ်ပတ်တခါတိုက်ခန်းကိုလာပြီးRutoမိဘတွေကလည်းလိုလေသေးမရှိဖြည့်ဆည်းပေးတတ်တယ်ပါးနဲ့မားကလာရအဆင်မပြေလို့ဖုန်းနဲ့သာအဆက်သွယ်လုပ်ရတယ်

အချိန်တွေဘယ်လောက်ပြောင်းပြောင်းရာသီတွေပြောင်းလဲသွားလည်းသူ့အနားမှာRutoဆိုတဲ့ကောင်လေးကအမြဲရှိနေပေးတယ်ဆယ်ကျော်သက်အရွယ်မှာရှာ‌တွေ့ခဲ့တဲ့အချစ်ကတစ်ဘဝလုံးစာအတွက်ပါအနားမှာရှိနေပေးတယ်

နာရီကြည့်လိုက်တော့နောက်ကျနေပြီမို့Rutoအမြန်သွားရတော့တယ်နေရောင်ခြည်နွေးနွေးအောက်မှာဘွဲ့ဝတ်စုံထဲမြုပ်နေတဲ့အကောင်ပေါက်လေး မိဘတွေနဲ့ဘာတွေပြောပြီးရယ်နေလဲမသိအဝေးကကြည့်နေတာနဲ့တင်ဒီမြင်ကွင်းကအဖိုးတန်ပန်းချီကားတစ်ချပ်လိုပါပဲအနောက်ကသိုင်းဖက်လိုက်တော့ နောက်ကျနေတဲ့ပုဒ်မနဲ့စိတ်ကောက်နေသူကိုပြန်ချော့ရပါသေးတယ်

လူစုံသွားပြီမို့အလယ်မှာသူတို့2ယောက်ရပ်လို့မိဘတွေကဘေးကရပ်လို့အမှတ်တရဓာတ်ပုံရိုက်ကြတယ်သူတို့2ယောက်စုံတွဲပုံကလည်းမပါမဖြစ်ပေါ့ကျောင်းပြီးတာနဲ့Rutoကသူ့ပါးကုမဏီကိုဆက်ခံလိုက်တယ်အထက်လူကြီးဖြစ်လာတဲ့သူ့အတွက်ဖိအားတွေကရှိလာတယ်လူငယ်ဖြစ်တာကြောင့်ရော အတွေ့အကြုံမရှိ‌တာကြောင့်ပါလူကြီးတွေကမကြိုက်ချင်တာမို့Rutoအတော်ကြိုးစားခဲ့ရတယ်

𝖬𝗈𝗋𝖾 𝖳𝗁𝖺𝗇 𝖫𝗂𝖿𝖾 💙 〈 𝙷𝚊𝚛𝚞𝙺𝚢𝚞 〉 Complete Where stories live. Discover now