part 6

455 53 0
                                    

U

တစ်နေကုန်စားလိုက်သောက်လိုက်လည်ပတ်ခွင့်ရတာဟာငယ်ရွယ်တဲ့ဘဝရဲ့အဖိုးတန်တဲ့အချိန်လေးတွေပေါ့ပင်ပန်းနေပုံပေါက်တဲ့ကိုကိုကြောင့်ပန်းခြံထဲကထိုင်ခုံမှာခဏထိုင်နေရင်း ဖုန်းခေါ်လာတဲ့သူကJunKyuမားမား

JunKyu: Hello မားမား
သားတို့အဆောင်မပြန်ရ‌သေးဘူး ညစာစားပြီးပါပြီဗျ ဟုတ် ဂရုစိုက်ပါမယ်မား

ဘေးနားကလူရဲ့ဖုန်းပြောနေတဲ့ပုံလေးကြောင့်Rutoကသူမရရှိခဲ့ဖူးတဲ့ တောင့်တခဲ့ဖူးတဲ့မိဘမေတ္တာကိုစိတ်ကူးယဉ်ကြည့်နေမိတယ်

အတွေး‌တွေထဲမြောနေမိတာကြောင့်ဘေးနားကလူဖုန်းပြောလို့ပြီးတော့သူ့ကိုကြည့်နေတာတောင်Rutoသတိမထားမိလိုက်ဘူး

JunKyu: ဘာတွေတွေးနေတာလဲ ? ဆောရီးပါကွာငါ့မားမားကအဲ့လိုပဲစိတ်မချဖြစ်တတ်လို့

Haruto: ဒီအတိုင်းပါပဲ  ကိုကို့မားမားကသဘောကောင်းပြီးနွေးထွေးတယ်နော်

ကိုကိုလို့Rutoခေါ်လိုက်တိုင်းသူရင်ခုန်မိတယ်ဆိုတာဝန်ခံပါတယ်တစ်နေကုန်အတူရှိတဲ့အခါကျမှမာနကြီးတယ်လို့

တစ်ချိန်လုံးထင်နေမိတဲ့ကောင်လေးကအဲ့လိုမဟုတ်မှန်းသိလာတယ်သူ့မိသားစုနဲ့ပတ်သတ်ပြီးမသိတာတွေရှိပေမဲ့နေ့လည်ကမိသားစုတွေတွေ့ရင်ကောင်လေးရဲ့မျက်ဝန်းတွေကဝမ်းနည်းနေတာကိုသူသတိထားမိနေတယ်

ထုတ်ဖော်မေးဖို့ကျ အင်း သူတို့ကသိပ်မရင်းနှီးကြသေးဘူးလေအဲ့လိုမြင်လိုက်ရတော့သူ့စိတ်ထဲလည်းဝမ်းနည်းလာတယ်နှစ်သိမ့်မှု့တွေပေးချင်တယ်ဖက်ထားပေးချင်မိတယ်

What!!! ငါဘာတွေတွေးနေမိတာလဲအတွေးလွန်နေပြီဆိုပြီးခေါင်းငြိမ့်ခေါင်းခါလုပ်နေတဲ့ဒီအကောင်ပေါက်လေးကိုဖက်ပြီးအနမ်းတွေပေးချင်နေမိတဲ့ကောင်လေးတစ်ယောက်လည်း ရှိပါတယ်မနေနိုင်တဲ့အဆုံးထုတ်မေးလိုက်တဲ့JunKyuရယ်ပါ

JunKyu: Rutoမိဘတွေလည်းဒီလိုပဲမလား သူမေးလိုက်တော့ပြန်မဖြေလာပဲငြိမ်နေတဲ့သူကြောင့်သူအားနာလာမိတယ်‌မေးမိတာသူမှားသွားပြီလား

တစ်ဖက်လူရဲ့မေးလာတဲ့မေးခွန်းကိုသူမဖြေချင်ကိုကို့ရှေ့မှာပျော့ညံ့တတ်တဲ့သူ့ရဲ့တစ်ဖက်ခြမ်းကိုမပြချင်ဘူးအဲ့ဒါကြောင့်ကော်ဖီသွားဝယ်လိုက်ဦးမယ်ဆိုပြီးထွက်လာခဲ့မိတယ်ကော်ဖီရလာတော့စကားမပြောဖြစ်ကြတော့ပဲတိတ်တဆိတ်သာနေမိကြတော့တယ်

𝖬𝗈𝗋𝖾 𝖳𝗁𝖺𝗇 𝖫𝗂𝖿𝖾 💙 〈 𝙷𝚊𝚛𝚞𝙺𝚢𝚞 〉 Complete Where stories live. Discover now