Part 8

423 47 2
                                    

U

မကြာခင်အထက်တန်းပြီးဆုံးတော့မဲ့သူတို့အတွက်ဆရာတွေကအမှတ်တရခရီးလေးတစ်ခုဖြစ်အောင်မြို့ပြတွေရဲ့အဝေးအေးချမ်းတိတ်ဆိတ်မှု့ရှိတဲ့တောင်ပေါ်နေရာလေးတစ်ခုကိုရွေးချယ်လိုက်ကြတယ်ကျောင်းသားတွေကပါသဘောတူညီမှု့ရရှိတာကြောင့်စီစဉ်စရာရှိတာတွေစီစဉ်ကြတော့တာပေါ့

ကျောင်းသားတချို့တဝက်ကတော့အိမ်ပြန်ကြဖို့ရွေးချယ်ကြတယ်မိဘတွေရဲ့ရင်ခွင်ကိုလွမ်းနေကြပြီလေဒီထဲမှာJunKyuပါအပါအဝင်ပေါ့သူ့ကိုကိုအိမ်မပြန်ပဲခရီးကိုလိုက်ဖို့အရေးအကုန်လုံးကိုဂျီဂျနေတဲ့ကလေးဆိုးလေးHarutoရယ်ပါ

Haruto: ကိုကိုမိဘတွေကပြောရင်နားလည်ပေးမှာပါဒါကအမှတ်တရခရီးတစ်ခုပဲလေလိုက်ခဲ့ပါHyung Asahi,Hyung Yoshi ကူပြောပေးပါဦး

Hyungဆိုပြီးခေါ်လာတဲ့Harutoကြောင့်နှစ်ယောက်သားမနေတတ်ဖြစ်နေကြရောအရင်ကဆိုမာနကြီးတဲ့လူက ကိုယ့်သူငယ်ချင်းကိုစိတ်ဝင်စားလို့ပြောင်းလဲသွားတဲ့ကောင်လေးကိုကြည့်ပြီးYoshiပြုံးနေမိတယ်

Asahi: လိုက်ခဲ့‌ပါလား ငါတို့တွေပါရင်မင်းမိဘတွေခွင့်ပြုမှာပါ

JunKyu:  မင်းတို့လည်းသိတဲ့အတိုင်းပဲမားမားကအရမ်းစည်းကမ်းကြီးတာလေငါ မပြောရဲဘူး

Yoshi: သွားရမှာက နောက်တစ်ပတ်မှပါငါတို့တွေပြောဖို့အချိန်ရပါသေးတယ်

အဖြေသေချာမပေးရသေးပေမဲ့ သူလည်းလိုက်ချင်တာပေါ့မားမားက အားလုံးကိုဖြည့်ဆည်းပေးနိုင်ပေမဲ့ခရီးထွက်ဖို့ကိုရော သူသဘောတူပါ့မလားနေ့ရက်တွေကုန်လွန်ပြီးတဲ့အခါမှာတော့ မနက်ဖြန်ဆိုခရီးထွက်ရပါပြီRutoကစာရင်းပေးထားလိုက်တော့လိုက်ရတော့မှာပေါ့

JunKyu:  Hello မားမား

JunKyu မား : ဟဲလိုသားလေး အစစအရာရာအဆင်ပြေလားအစချီပြီးမေးခွန်းများစွာကိုဖြေဆိုပြီးတဲ့နောက်မှာတော့JunKyu မရဲတရဲတောင်းဆိုမိတယ်

JunKyu: မနက်ဖြန်ဆရာတွေဦးဆောင်ပြီးတောင်ပေါ်ဒေသဘက်ခရီးသွားရမှာအဲ့ဒါ သားစာရင်းပေးပြီးသွားပြီ

JunKyu မား:  Yoshiနဲ့Asahiရောပါရဲ့လားသားကဘယ်မှမသွားဖူးတော့ အဆင်ပြေပါ့မလား မားစိတ်ပူတယ်

𝖬𝗈𝗋𝖾 𝖳𝗁𝖺𝗇 𝖫𝗂𝖿𝖾 💙 〈 𝙷𝚊𝚛𝚞𝙺𝚢𝚞 〉 Complete Onde histórias criam vida. Descubra agora