... Prolouge...

122K 3.8K 116
                                    

{Unicode🌿}

... မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ...

All I want is ..

မပိုင်ဆိုင်ရလည်း...
အချစ်ဆိုတာမျိုးက...
သောက်တလွဲ လူညံ့တွေရဲ့ အလုပ်။

.. နွေမိန်တပေါင်း... နေရှိန်လောင်း...
ရွက်ဟောင်းကြွေကျ မြေခ,ခဲ့ပြီလေ...

လေရူးသုန်သုန်... မြူမှုန်လွင့်ပြား
စပါးပြန့်ဖြူး... ရာသီဦးဝယ်....

ကြည်နူးစရာ တို့ရွာဖျားဝယ်...
ကြီးမားပင်စည်... ပွင့်နီလက်ပံ
ဝဲပျံမြေပေါ် ... လျောင်းစက်ပျော်တယ်...

ရွာလယ်ပိုင်းမှ ကောက်ရိတ်သိမ်း ရာသီအတွက် ပွဲကျင်းပနေသည်။ ထိုမှ သီချင်းသံကို နားထောင်နေမိပြီး... လက်ထဲက ဓားကို သွက်သွက် သွေးနေမိသည်။ ဓားသွားကို ဖိပွတ်နေမိလိုက်... မြည့်ဟန် မရှိသည့် အနေအထားက နောက်တစ်ခါ ဓားသွေးကျောက်ပေါ်တွင် တင်ကာ ထပ်သွေးနေမိသည်။

"ငဦး... သား ...
အဲ့ဒီဓားက ဘာလုပ်ဖို့လဲ?"

အမေကတော့ သုံးရက်လောက် ဆက်တိုက် ဒီဓားကိုပဲ သွေးနေသည်မို့ သင်္ကာမကင်းချိန်မှာ မေးလာသည်။

"ဘာမှမဟုတ်ပါဘူး အမေ...။ ကျွန်တော် လယ်ထဲက ကိုင်းပင်တွေ ရှင်းမလို့ပါ။"

"လယ်ထဲက ကိုင်းပင်တွေက အဲ့ဒီလောက် အရေးမကြီးသေးပါဘူး သားရယ်။ အဲ့ဒီ ဓားသွေးတာကို ချထားလိုက်ပါဦး။"

အမေကတော့ ကျွန်တော့်အနားသို့ လာပြီး ကျွန်တော့်ကို ရပ်တန့်စေဖို့ တားလေတော့။

"အမေ....
ကျွန်တော့်ကို မတားပါနဲ့ ...။ ဒီအတိုင်း...."

"မဟုတ်သေးပါဘူး ငဦးရယ်။ စိတ်ကို ထိန်းပါဦး...။ သား.... မလုပ်ပါနဲ့.. သားရယ်။ ပျိုးငယ်လေးက ဒီအတိုင်း သားကို ကြောက်နေတာပါ။ ချော့ခေါ်ရင် ရပါတယ် သားရယ်။"

"......."

"အဲ့ဒီကလေးက သား ချစ်တဲ့သူလေ။ သား အရမ်းချစ်တဲ့သူလေ။"

မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)Where stories live. Discover now