{Unicode🌿}... မျှော်လင့်ထားတဲ့အတိုင်း
အစကတည်းက
လမ်းခွဲအဖြစ် ရှိနေသည့်
ဒီရပ်တည်မှုက...။***
ယခင် အပိုင်းမှ အဆက်....
ထိုစကား ကြားလေတော့ သူ့မျက်နှာလေးက နဂိုထက် ပိုပြီး ၀မ်းနည်းခြင်းတ်ို့ဖြင့် စီးပိုးလာမှုကြောင့်လား မသိ... မျက်နှာလေးက အထိတ်တလန့် ရှိနေသည့် အသွင်။ ထိုအမူအရာပင် တမင်တကာပင် မမြင်ချင်ယောင်ဆောင်ပြီး ဖုန်းထဲက game ကိုသာ အသည်းအသန် အာရုံစိုက်ထားမိသည်။
နာရီ၀က်ခန့်အကြာ...
"ငဦးရေ.. သား ညစာ မစားရသေးဘူး မလား? လာစားတော့လေ သား...။ သြော်ဟော... ဒီကလေး အသံမပြု၊ ဘာမပြုနဲ့ အိပ်နေပြီလား မသိ။"
အမေ့၏ မြည်တွန်တောက်တီးမှုနှင့်အတူ လှေကားထစ်မှ ခြေသံတစ်ချို့။ ထိုအချိန်မှာတော့ လက်ထဲက gameကို ရပ်တန့်ပစ်လိုက်ပြီး ပျိုးငယ်ကို ကြည့်နေမိသည်။ ပျိုးငယ်ကတော့ အခုထက်ထိ အစောနက ပုံစံအတိုင်း ကျွန်တော့်အခန်း နံရံ၌သာ ကပ်လျက်။ ခြေဖ၀ါးနှစ်ဖက်ကို အချင်းချင်း ထပ်တင်ထားပြီး မျက်နှာငယ်လေးဖြင့်ပင်။
ကျွန်တော်လည်း ထိုအရာကို ကြည့်ကာ ငေးနေမိတုန်း ရှိသေးသည်... အိမ်ပေါ်သို့ တက်လာသည့် အမေ့ထံမှ ....။
"ငဦးရေ ... သား အိပ်နေတာလား? ထ တော့လေ... ညစာ စားပြီးမှ အိပ်။ အချိန်မရှိမှ အိပ်တာ နေမကောင်း ဖြစ်လိမ့်မယ် .... သား"
အမေကတော့ ကျွန်တော့် အခန်းတံခါးကို ခေါက်ပြီး အခန်းထဲမှ အသံ ထွက်မလာမချင်း ခေါ်ဖို့ ရှိနေတော့ ကြောက်စိတ်နှင့်အတူ နဖူးပြင်မှ ချွေးစ အနည်းငယ်ဖြင့် ကပ်ငြိနေသည့် ဆံပင်လေးက လေအေ၀ှ့အတိုင်း လှုပ်ရှားခွင့် မရ။ ထိုအမူအရာကို ကြည့်လိုက်တာနဲ့ ပျိုးငယ် ဘယ်လောက် ကြောက်နေသလဲ သတိထားမိပါသည်။
YOU ARE READING
မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)
Randomအပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။