{Unicode}... ကိုယ့်အတွက်..
တစ်စုံတစ်ယောက်သာ
ဝင်ရောက်လာခဲ့ရင်...
နေ့တဓူဝ လိုအပ်မှုတွေက
လစ်ဟာသွားသလိုမျိုး..။***
နံနက်၁၀နါရီ...။
"ကိုဦး...ထတော့...။ ထတော့လို့ဗျာ။၁၁နာရီတောင် ရှိနေပြီ။"
နားထဲတရိပ်ရိပ်...ထိုးထွင်းဝင်ရောက်လာသည့်အသံ။ ဒီအသံက အမေ့အသံလည်းမဟုတ်သလို...မမအသံလည်းမဟုတ်တာမို့။ခေါင်းအုံးပေါ်ကိုသာ မျက်နှာကိုအပ်ထားပြီး ဇွတ်အတင်းအိပ်ပျော်ဖို့ ကြိုးစားလိုက်မိသည်။
"ကိုဦး...ကိုဦးထ,တော့လို့...။ နေ့လည် ရောက်နေပြီ...။"
ဒါကိုပင်ထိုအသံကမပြတ်ဘဲနားထဲအဆက်မပြတ် ငှက်ဆိုးထိုးသံလို ကြားနေရသည်မို့....ဆက်ပြီးအိပ်မရတော့သည့်နောက်ဆုံး...မျက်နှာအပ်ကာရှိနေသည့် ခေါင်းအုံးကိုယူကာ အသံကြားရာသို့ ဆွဲပေါက်လိုက်မိသည်။
"လီးလို...ခေါ်နေတာလား?...ကောင်းကောင်းကိုမအိပ်ရဘူး...။"
"အောင်မယ်...ငါကနင့်ကို အစောကြီးထ,စေချင်လို့နိူးတာ...။ ငါ့ကိုတော့အဲ့လိုမဆဲနဲ့...။"
သိပြီ။ ထိုအသံကအိမ်ဘေးနားက...အမေ့အစ်မဒေါ်တင်ရဲ့သား မင်းစိုးဆိုသည့် အကောင်ပင်။ သူက အနည်းငယ် အလှကြိုက်ပြီး နွဲ့တဲ့တဲ့ရှိသည်။(Characterကပြောနေတာပါ) ကျွန်တော်လည်းအိပ်ရာမှလူးလိမ့်ထ,လိုက်ပြီး နာရီကို ကြည့်လိုက်မိတော့ နေ့လည်ပိုင်းရောက်နေပြီ။
အိပ်ရာလာနိူးသည့် မင်းစိုးကတော့ သူ့ကိုအနည်းငယ်ဆဲလိုက်လို့ မကျေမနပ်နဲ့ အောက်သို့ဆင်းသွားလေပြီ။ကျွန်တော်လည်း အိပ်ရာသိမ်းလိုက်ပြီး အိမ်အောက်သို့ ဆင်းလာခဲ့မိသည်။
YOU ARE READING
မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)
Randomအပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။