{Unicode🍀}... ကိုယ်ခံယူထားတဲ့ အချစ်ဆိုတာမျိုးက...။
***
သင်္ကြန်အခါရောက်ဖို့ တစ်ရက်အလို....
နံနက်ပိုင်း...
ဒီနေ့ ပျိုးငယ် တစ်ဖက်ရွာသို့ ပစ္စည်းသွားယူဖို့ သတင်းအတိအကျ ရထားသည်မို့ ရွာထိပ်က လမ်းစုံကျသည့် တစ်နေရာမှာပင် ရပ်စောင့်နေမိသည်။
မကြာပါ.... စက်ဘီးလေးနှင့်အတူ လူတစ်ယောက် ရွာထိပ်က လမ်းမအတိုင်း ထွက်လာလေပြီ။ ရှေ့က နင်းလာသည်က တစ်စုံတစ်ယောက် ဖြစ်ဟန် ရှိပြီး နောက်ဘက်မှာတော့ မျှော်နေသည့် အရိပ်ကလေး....။
ကျွန်တော် စောင့်နေသည့် နေရာက လမ်းဆုံကျသည့် တစ်နေရာမို့ သူတို့စက်ဘီးက ကျွန်တော်ရှိရာဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်....။ ကျွန်တော့်ရှေ့ စက်ဘီး ထိုးစိုက်လာသည်နှင့် စက်ဘီးကို ဖိဆုပ်ပြီး တားလိုက်မိသည်။
"ငဦး.... ဘာကိစ္စ ရှိလို့လဲ? ငါတို့ အချိန်မီ သွားယူရမှာ...။ "
"မမိုး... ခင်ဗျား အရင်သွားနှင့်လိုက်တော့...."
စက်ဘီးနောက်ခုံပေါ်မှာ ခေါင်းငုံ့ကာ ရှိနေသည့် ပျိုးငယ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်မိသည်။ ထိုအချိန်မှာတော့ ရွာ၏ ခေါင်းဆောင်ပိုင်း မမိုးဆိုသူကတော့ သူ့နောက်ဘက်မှ ပျိုးငယ်ကို တစ်ချက်ကြည့်လိုက်ပြီး....
"မကေသီက ငါ့ကို ယုံလို့ ထည့်ပေးလိုက်တာ...။ နင် မဟုတ်တာတွေတော့ မလုပ်ပါနဲ့ဟာ...။ နင့်မှာလည်း ဒေါ်မီသမီး အလတ်မ ရှိတယ်မလား?"
YOU ARE READING
မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)
Randomအပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။