{Unicode}
... မင်း မသိဘူး...
မင်းမရှိလို့ ထိုင်နေခဲ့တဲ့
တစ်ညလုံးက
ငါ့အတွေးထဲ
မင်း ကခုန်ဖို့အတွက် နိူးထနေခဲ့တယ်။***
မနက်ပိုင်း...
နံနက် ၅နာရီ။
"ပျိုးငယ်ကို ကျွန်တော် လာတွေ့တာပါ။"
သူ့အိမ်၀န်းတံခါး၀ရှေ့မှာ ရပ်စောင့်ပြီး သူ့အိမ်မှ တစ်စုံတစ်ယောက်ကို မေးလိုက်မိသည်။ ဖြစ်နေခဲ့သည်က ပျိုးငယ် အမေ ဒေါ်စောပင်။ ကျွန်တော့်ကို မြင်သည်နှင့် သူ့မျက်နှာက တည်သွားပြီး....။
"မနိူးသေးဘူး အိပ်နေတယ်...။ မိုးလင်းမှ ပြန်လာခဲ့။"
စကားကို တိုပြတ်စွာ ပြောပြီး အိမ်ထဲသို့ ပြန်၀င်သွားလေပြီ။ သည်းခံနိုင်ရေး တရားကို ဘ၀မှာ ပထမဦးဆုံး မွေးမြူပြီး လက်သီးကို တင်းကြပ်စွာ ဆုပ်ကာ စောင့်နေမိသည်။
၆နာရီ...
"အငယ်လေး မနိူးသေးဘူး... နေ့လည်မှ ပြန်လာခဲ့...။"
နေ့လည်ပိုင်း...
"လင်းထိန်နဲ့ ပါသွားတယ်။ မြို့က ကျောင်းအုပ်ကြီးက ခေါ်လို့။ ညနေမှ ပြန်လာခဲ့...။"
အမျိုးမျိုးသော လှည့်ပတ်ခြင်းများအကြား ပျိုးငယ်ဆိုသည်မှာ အရိပ်အယောင်ပင် မမြင်ရပါ။
ညပိုင်းအထိ စောင့်ပြီးတော့လည်း မထူးဆန်းတော့ပါ။သုံးရက်မျှ လွန်မြောက်လေသော်...
ညနေပိုင်း...
YOU ARE READING
မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)
Randomအပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။