Zawgyi code
နိုးဝါရဲ့မျက်လုံးပြန်မြင်ရဖို့လမ်းစရသလားမသိ…မှုန်ဝါးဝါးပုံရိပ်တြွမေင်ရလာတယ်။
"နိုးဝါ…"
"အစ်ကို…"
"နိုးဝါကိုကိုယ်အရမ်းချစ်တယ်…နိုးဝါရော ကိုယ့်ကိုမချစ်ဘူးလား"
"နိုးဝါ အခုအချစ်ဆိုတာထပ် နိုးဝါရဲ့အမြင်အာရုံပြန်ရဖို့ကအရေးကြီးတယ်"
"ကိုယ်နားလည်ပေမဲ့ ကိုယ့်အချစ်က နိုးဝါကိုထပ်ပြီး အမှောင်မဖုံးစေတော့ဘူးလေ"
နိုးဝါကိုအတင်းချစ်ခွင့်ပန်နေတဲ့အစ်ကို့ကိုနိုးဝါကြောက်တယ်။အစ်ကိုကသာမန်မဟုတ်တာ ရိပ်မိနေတဲ့နိုးဝါအတွက် ဒီချစ်စကားက ထိတ်လန့်စရာပါဘဲ။
"နိုးဝါကို အချိန်ခဏစောင့်ပေးပါ"
"ဟုတ်ပါပြီ"
နိုးဝါနဲ့အစ်ကိုစကားပြောနေတဲ့အချိန် ကားဟွန်းတီးသံကြားရပြန်တယ်။ ဒါပေမဲ့နိုးဝါ ဒါကိုစိတ်ထဲမထားတော့ချေ…။
"နိုးဝါ ဒီနေ့ စန္ဒယားမတီးဘူးလား"
"ဟုတ်သားဘဲနော်"
နိုးဝါမတ်တတ်ရပ်လိုက်ရင်းစန္ဒယားနားသို့စမ်းတဝါးဝါးသွားလိုက်တယ်။နိုးဝါစိတ်တွေ လန်းဆန်းမလာသေးသလို နိုးဝါ
အမှောင်ကိုထိတ်လန့်ချောက်ချားနေတုန်းဘဲ…။"Sunday is gloomy
My hours are slumberless
Dearest the shadows""နေဦးနိုးဝါ…"
"ဘာလို့လဲ"
"ဒီသီချင်းကအရင်က လူတွေကိုကိုယ့်ကိုယ်ကိုသတ်သေစေခဲ့တဲ့ သီချင်းလို့ ကိုယ်ကြားဖူးတယ် တကယ်လို့အခုနေ ဒီသီချင်းက ဘာမှမဖြစ်တော့ဘူးဆိုတာသေချာရင်တောင် ဒီသီချင်းကြောင့် နိုးဝါ စိတ်ဓာတ်ကျလိမ့်မယ်…"
"……………"
"ကိုယ်ဘဲ သီချင်းဆိုပြမယ်…"
"အင်း"
နိုးဝါတုတ်တုတ်မျှမလှုပ်သေးပေ…အေးစက်စက်နေနေတယ်ဆိုပေမဲ့ ကွန်းလျှံချိုကတော့ သီချင်းဆိုပြရန်ဟန်ပြင်တယ်။
တည်ငြိမ်အေးချမ်းတဲ့ဒီအသံကြောင့်စိတ်လန်းသွားသလိုပင်ပန်းမှုတွေလဲလျော့သွားသလိုခံစားမိတယ်။
YOU ARE READING
ချစ်သောနီးဂျာဝါ (Completed)
Romanceနီးဂျာဝါတောမှာအဆုံးသတ်ပြီးနောက်ဆုံးဆိုတာတွေများလွန်းတော့ တစ်စုံတစ်ယောက်ဆီကချစ်ခြင်းမေတ္တာတွေကလဲ နီးဂျာဝါတောရဲ့အလွန်မှာအဆုံးမသတ်ဖို့ ဆုတောင်းမိတယ်။ နီးဂျာဝါတောမှာအဆုံးသတ်ပြီးနောက်ဆုံးဆိုတာတွေများလွန်းတော့ တစ်စုံတစ်ယောက်ဆီကချစ်ခြင်းမေတ္တာတွေကလဲ နီးဂျာဝ...