Part 17

782 68 1
                                    

Zawgyi code

" အစ်ကို…နိုးဝါနားကိုခဏလာဦး…"

နိုးဝါခေါ်သံကြားတာနဲ့စက္ကန့်ပိုင်းအတွင်းအစ်ကိုကနိုးဝါဘေးနားရောက်လာခဲ့တယ်…။

နိုးဝါခုတင်ခေါင်းရင်းနားမှာကပ်ထားတဲ့ဓားကိုဆွဲယူလိုက်တယ်။ ပြီးတော့ သူ့ကိုလက်တစ်ဖက်နဲ့ဖက်လိုက်တယ်။

သူ့မျက်နှာမှာတော့အပြုံးတွေဟာဝေနေမှန်းနိုးဝါသိတယ်.။
ပျော်လွန်းလို့လား စိတ်လှုပ်ရှားလို့လားတော့မသိ သူ့ရင်ခုန်သံကိုနိုးဝါကြားနေရတယ်။

"နှုတ်ဆက်ပါတယ်အစ်ကို"

သူ့ရဲ့ဘယ်ဘက်ရင်အုံကိုဓားနဲ့ထိုးစိုက်လိုက်ပြီးသိပ်မကြာလိုက်ဘူး…နိုးဝါကိုဖက်ထားတဲ့သူ့လက်က အားပျော့သွားတယ် ပြီးတော့ မျက်ရည်လားသွေးလားမသိ နိုးဝါရင်ဘတ်နဲ့ ပခုံးမှာစိုရွဲသွားတယ်။

"ဒါ…ဒါ…ဒီအိမ်သော့တွေနဲ့နိုးဝါအိမ်သော့ပါ…
ပြေးပါ ကိုယ့်အသက်…ကိုယ့်လို လူနဲ့ ဝေးရာကိုသာပြေးပါ"

သူ့အင်္ကျီအိတ်ကပ်ထဲကသော့တွဲကလေးနိုးဝါလက်ထဲထည့်ပေးရင်း သူ့ဝိညာဉ်က ခန္ဓာကိုစွန့်သွားလေရဲ့…။
နိုးဝါရင်ထဲ နင့်သွားပေမဲ့ အပြုံးဟန်တို့လဲမပျက်ခဲ့ဘူး…။

နိုးဝါပြုံးနေခဲ့ပေမဲ့ပါးပြင်မှာလဲမျက်ရည်တွေဟာစိုရွဲနေတယ်။

နိုးဝါ သူပေးတဲ့သော့နဲ့အောက်ထပ်ကိုရောက်လာခဲ့တယ်။

"ငါက ဆေးရုံတက်ခဲ့ရတာတောင်မဟုတ်ဘူးဘဲ"

နိုးဝါက ဆေးရုံမတက်ခဲ့ရပါဘူး…အိမ်ရဲ့အောက်ထပ်မှာ
ဆေးရုံသဖွယ် ပြင်ဆင်ထားတဲ့နေရာကရှိပြီးသားပါ…
နိုးဝါဟာဒီအိမ်ကြီးထဲမှာဘဲပိတ်မိခဲ့တာပါ…။

အောက်ထပ်ရောက်တော့ချိတ်ထားတဲ့အင်္ကျီအများကြီးထဲမှာမှ အဖြူရောင် အင်္ကျီနဲ့ အဖြူရောင်ဘောင်းဘီကိုရွေးပြီးဝတ်ဆင်လိုက်တဲ့အပြင် နောက်ထပ် အဖြူရောင် ဝတ်စုံကိုလဲယူရင်း သွေးစွန်းနေတဲ့အင်္ကျီကိုလဲ အိတ်တစ်ခုနဲ့ထုပ်လိုက်တယ်။

အျဖဴေရာင္အက်ႌေလးကအစ္ကိုအက်ႌဆိုေတာ့
အစ်ကိုသုံးနေကျ ရေမွှေးနံ့တွေကလဲစွဲထင်လို့ အစ်ကို့အငွေ့အသက်တွေပါရှိဆဲပါ…။

ချစ်သောနီးဂျာဝါ (Completed)Where stories live. Discover now