Part 13

557 61 0
                                    

Zawgyi code

"နိုးဝါ…နိုးဝါ မျက်လုံးမြင်ရပြီလား…ဟုတ်လား"

နိုးဝါနှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ခေါင်းညိတ်ပြလိုက်တယ်။ အစ်ကိုက ဒေါသမဖြစ်တဲ့အပြင် နိုးဝါကိုဖက်ထားတယ်။

"ဖယ်..."

နိုးဝါကွန်းလျှံချိုကိုဆောင့်တွန်းကာ တွန်းဖယ်လိုက်တော့ကွန်းလျှံချိုက ဝမ်းနည်းသောအကြည့်နဲ့ကြည့်လာတယ်။

"ခင်ဗျား…လူယုတ်မာ…ခင်ဗျားက အောက်တန်းစား"

"ကိုယ်…ကိုယ်ဘာလုပ်မိလို့လဲ"

"ခင်ဗျား…ခင်ဗျား ကျွန်တော့်ကို မျက်လုံးကွယ်အောင်လုပ်ခဲ့တာ"

"နိုးဝါရယ်"

နိုးဝါစိတ်ညစ်သွားတယ်…အဲ့ဒီလိုဘဲကွန်းလျှံချိုလဲဝမ်းနည်းရတယ် နှစ်ဦးနှစ်ဖက်အကျိုးမရှိခဲ့တဲ့ ဒီအမုန်းတွေနဲ့နာမည်တပ်လို့မရတဲ့ မျက်ရည်တွေက ပါးပြင်ပေါ်သို့ကျဆင်းလာခဲ့တယ်။

"ဖြေးဖြေးချင်းနားလည်လာမှာပါ ကိုယ့်အသက်ရယ်…ကိုယ်ဒီနေ့အတွက် အရမ်းပျော်ရပါတယ်…မင်းလေး ကိုယ့်ကိုမြင်နိုင်ပြီဆိုတဲ့စိတ်က ကိုယ့်ရင်ထဲ အတိုင်းမသိ ပျော်စေပါတယ်"

အစ်ကိုကဆွေးမြေ့စွာပြောရင်းအခန်းထဲကထွက်သွားတယ်။နိုးဝါကတော့မငိုတော့ဘဲ အစ်ကို့ကို မုန်းနိုင်အောင်မုန်းဖို့ဘဲဆက်ကြိုးစားနေမိတာ…။

"တကယ်လို့ နိုးဝါ အစ်ကို့ကိုချစ်မိရင် နိုးဝါရဲ့ အသက်ကို နိုးဝါကိုယ်တိုင် အဆုံးသတ်ပစ်မယ်"

လူယုတ်မာကိုမချစ်ချင်တဲ့စိတ်တစ်ခုလေးနဲ့နိုးဝါတွေးထားရင်နိုးဝါက မှားလား…။ နိုးဝါကိုဖမ်းချုပ်ခဲ့တဲ့ သူကမှားသလား…။

နိုးဝါရဲ့ခြေလှမ်းတွေတစ်လှမ်းချင်းလှမ်းကာ​မီးဖိုခန်းဘက်သွားလိုက်တယ်။မီးဖိုခန်းမှာက ထိခိုက်စေနိုင်တဲ့ ပစ္စည်းဟူ၍ရှိမနေပေ…ရေခွက်တွေကအစ ပန်းကန်ပြားတွေအထိ ကော်ပန်းကန်ဟရောင်စုံတွေနဲ့ရေခွက်ရောင်စုံတွေကိုဘဲသုံးထားတယ်။

ဒါတွေကနိုးဝါအပေါ်သက်ရောက်တဲ့မေတ္တာတွေဆိုရင်ဒါတွေကိုနိုးဝါစော်ကားမိပြီ…။

ချစ်သောနီးဂျာဝါ (Completed)Where stories live. Discover now