Sexy Tmall, online seduction
(Unicode)
ပျမ်းကျင်းယွမ်က စိတ်ရှုပ်နေဆဲဖြစ်သောကြောင့် သူ "Tmall genie" လို့ခေါ်လိုက်သည်။
လုယွင်ဖေးက ချက်ချင်းပြန်ထူးသည်။ "ဒီမှာရှိပါတယ်"
"သီချင်းတစ်ပိုဒ်လောက်ဖွင့်ပါ"
အခုအချိန် သူဘာဖွင့်ရင်ကောင်းမလဲ။ လုယွင်ဖေး ဒါက သူ့အကန့်အသတ်ကို ကျော်လာသလို ခံစားရသည်။ သူခဏလောက်တွေးလိုက်ပြီး စဆိုလိုက်သည်။
"ငါတို့ဓားရှည်ကြီးတွေက နတ်ဆိုးတွေကို ခေါင်းဖြတ်ဖို့ချိန်ရွယ်ထားကြသည်"
ပျမ်းကျင်းယွမ်ကိုသာ မယုံသင်္ကာမဖြစ်စေဘူးဆိုလျှင် လုယွင်ဖေးမှာ ထိုသို့ဆိုလိမ့်မည်။ ငါတို့ဓားရှည်ကြီးတွေက ဒုတိယဉီးလေးကို ခေါင်းဖြတ်ဖို့ ချိန်ရွယ်ထားကြသည်။ ဘယ်နတ်ဆိုးကို ခေါင်းဖြတ်မှာလဲ။ အေးချမ်းနေတဲ့ အချိန်တောင် ရောက်နေပြီ။ ဒါပေမဲ့ ဒုတိယဉီးလေးကိုတော့ အရင်ခေါင်းဖြတ်မှရမယ်။
ပျမ်းကျင်းယွမ်က ထိုထူးဆန်းသည့်သီချင်းကြောင့် ပြောစရာစကားပျောက်သွားရသည်။ "နောက်သီချင်းတစ်ပိုဒ်ပြောင်း"
သူက ဒီလိုသီချင်းကြီးတွေမကြိုက်ဘူးလား။ ကောင်းပြီလေ။ ပျမ်းကျင်းယွမ်စိတ်အခြေအနေက ဆိုးနေသည်ဖြစ်မည်ဟု လုယွင်ဖေးတွေးမိသည်။ သူ စိတ်ဓာတ်မြှင့်တင်ပေးသည့် သီချင်းတစ်ပိုဒ်ကို ဆိုလိုက်သည်။
"ဒီလမ်းမှာ ဆယ့်ရှစ်ကွေ့ရှိတယ်။ ရေတွေက ကိုးပိုင်းကို စီးဝင်သွား..."
"နောက်တစ်ပိုဒ်ပြောင်း"
သူဒီတစ်ပိုဒ်လည်းမကြိုက်ဘူးပေါ့။ အဲ့ဒါဆိုရင် "မင်းက ငါ့နှလုံးသားထဲက အလှဆုံးမိုးတိမ်လေး၊ မင်းလေးကို ထိန်းသိမ်းခွင့်ပေးပါ ထိန်းသိမ်းခွင့်ပေးပါ"
"နောက်တစ်ပိုဒ်ပြောင်း"
လုယွင်ဖေးက ထိုသူကိုဝန်ဆောင်မှုပေးရသည်က အတော်ခက်ခဲသည်ဟု ခံစားလာရသည်။
"ငါ့အချစ်ကို သစ္စာဖောက်ရင်း ကျင့်ဝတ်တွေကို မင်းက ဖောက်ဖျက်ခဲ့တယ်။ အမှန်ကို တစ်နေ့သိသွားတဲ့အချိန်မှာတော့ ငါ့မျက်ရည်တွေက ကျဆင်း..."

YOU ARE READING
တီမောလ်ဂျင်းနီ (Completed)
Romanceမီယမ်မာထရန်စလေးရှင်း Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi အော်သာ - လင်းအောင့်စစ် Chapters- 80 chapters+ 4 extras