Chapter 53

3K 589 8
                                    


Teacher Bian, Are You Willing to Stand on a Larger Stage?

(Unicode)

လီလိက လက်ထဲက စာအုပ်တွေ၊ သင်ထောက်ကူပစ္စည်းတွေကို စားပွဲပေါ်တင်လိုက်ပြီး လီယွမ်ချင်းကို မေးလာသည်။ “ဘာဖြစ်လို့လဲ”

လုယွင်ဖေးကလည်း ‌ရှောက်ကျန်ခုံမှ လီလိ၏ခုံဆီသို့ သွားသည်။

“ဆရာမလီ” လုယွင်ဖေး လိုရင်းကို တန်းပြောလိုက်မိသည်။ “ဆရာမကျောင်း ကျွန်တော့်ကို စွပ်စွဲတဲ့ကိစ္စက ဌာနမှူးရုံးခန်းမှာထဲက ဖြေရှင်းခဲ့ပြီးပြီလို့ ကျွန်တော်တွေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာမကျောင်းကတော့ ဒီလိုမထင်တဲ့ပုံပဲ။ တောင်းပန်ခဲ့ပေမဲ့ သူက မှားတဲ့လူလို့ မထင်သေးဘူး။ ကျွန်တော့်ကိုလည်း အင်္ဂလိပ်စာအတန်းချိန်တိုင်း အပြင်မှာ ရပ်ခိုင်းတဲ့အထိ အငြှိုးထားခဲ့ပါတယ်။ ဒီလိုသာဆက်ဖြစ်နေရင် ကျွန်တော် အင်္ဂလိပ်စာကို ဆက်မသင်တာ ပိုမကောင်းဘူးလား”

လီလိက အခြေအနေက ထိုမျှအထိ ဖြစ်သွားလိမ့်မည်မှန်း မမျှော်လင့်ခဲ့ချေ။ သူက ကျောင်းရန်ရုန်ကို အံ့ဩတကြီး ကြည့်မိသည့်အခါ ကျောင်းရန်ရုန်က တည်ငြိမ်စွာ ပြန်ဆိုသည်။ “သူက စကားပြောနေတာ၊ အတန်းရဲ့စည်းကမ်းကိုလည်း ဂရုမစိုက်ဘူး။ အပြင်မှာထွက်ရပ်ခိုင်းလိုက်တာ ကျွန်မမှားလို့လား”

“အတန်းထဲမှာ စကားပြောတယ်” လုယွင်ဖေး အေးစက်စွာ ပြန်ပြောလိုက်သည်။ “ဆရာမက ကျွန်တော့်ကို အပြစ်ပေးဖို့အတွက်ပဲ အကြောင်းပြချက် ရှာနေတာ မဟုတ်ဘူးလား”

“ဆရာမလီ၊ ဒါက လုယွင်ဖေးတင်မဟုတ်ဘူး” လီယွမ်ချင်းက ဝင်ပြောလိုက်ရသည်။ “ကျွန်တော်တို့လည်း ပါတယ်။ ကျွန်တော်တို့အကုန်လုံးကို ဆရာမကျောင်းက အပြစ်ပေးတာ”

“ဒါက နင် လုယွင်ဖေးကို ကာချင်နေလို့လေ။ လူတိုင်းက အတန်းကို အာရုံမစိုက်ကြဘူး”

“ကျွန်တော်တို့ အာရုံစိုက်ချင်ပါတယ်။ ဒါပေမဲ့ အရင်ဦးဆုံး ဆရာမ စာသင်မှာရမှာ။ စာမသင်ရင် ကျွန်တော်တို့က ဘာကို သွားနားထောင်ရမှာလဲ” ခေါ်ဖန်းက ရေရွတ်လာသည်။

ကျောင်းရန်ရုန်၏ ရယ်သံက ခပ်ပြတ်ပြတ် ရှိသည်။ “ဒါက လူတိုင်းက အိပ်လိုက်၊ စကားပြောလိုက်နဲ့ အတန်းရဲ့ စည်းကမ်းကို မလိုက်နာကြဘူးလေ။ ငါက ဘယ်လိုလုပ် စာသင်ဖို့ စိတ်ပါမှာလဲ”

တီမောလ်ဂျင်းနီ (Completed)Where stories live. Discover now