Chapter 77

3K 459 19
                                    

Kiss him on the corner of his mouth

(Unicode)

ခရစ်စမတ်က လုယွင်ဖေး၏ နှစ်စဉ်အနှစ်သက်ဆုံးပွဲတော်ဖြစ်ရခြင်းက သူ့မွေးနေ့တွင် ကျရောက်သောကြောင့်ပင်။ ထိုနေ့က လုယွင်ဖေးနှင့် သိကျွမ်းချိန်မှစပြီး ပျမ်းကျင်းယွမ်၏ အကြိုက်ဆုံးနေ့လည်း ဖြစ်လာခဲ့သည်။ ခရစ်စမတ်နှင့် မဆိုင်သော်လည်း လုယွင်ဖေး၏ မွေးနေ့ဖြစ်ခြင်းကြောင့် သဘောကျရခြင်းဖြစ်၏။

လုယွင်ဖေး၏ အမှန်တကယ်မွေးနေ့ရက်တွင် မိသားစုနှင့်အတူ အချိန်ကုန်ဆုံးခဲ့ရာ ပျမ်းကျင်းယွမ်နှင့်အတူ မဆင်နွှဲခဲ့ပေ။ သူတို့ကျောင်းဝင်းက မထွက်ခင်မှသာ ဘေးဘီတွင် လူများမရှိသည်ကို အခွင့်ကောင်းယူပြီး ပျမ်းကျင်းယွမ်က မေးလာခဲ့သည်။ "ကိုယ် မင်းကို နမ်းလို့ရမလား"

လုယွင်ဖေး: ...

လုယွင်ဖေး ပျမ်းကျင်းယွမ်ကို အံ့ဩတကြီးကြည့်လိုက်မိစဉ်တွင် သူက ရိုးသားပွင့်လင်းသည့် အမူအရာဖြင့် ရှိနေသည်။

လုယွင်ဖေး တစ်ဖက်တစ်ချက်သို့ ကြည့်လိုက်မိကာ အန္တရာယ်ကင်းမှန်း သေချာမှသာ "ဒါဆိုရင်လည်း နမ်းလေ" ဟု ပြောလိုက်မိသည်။

သူ့ပါးပြင်ပေါ်တွင် နူးညံ့သည့် အနမ်းတစ်ပွင့်ကို ခံစားလိုက်ရသည်။ လုယွင်ဖေး သူ့ပါးတစ်ဖက်က ပူလာသည်ကို ခံစားမိသည်။ ပျမ်းကျင်းယွမ် နမ်းရှုံ့ခဲ့သည့် အသားအရည်က မီးလောင်ကျွမ်းနေသည့်အလား။ သူ ဗလုံးဗထွေးရေရွတ်လိုက်မိ၏။ "ငါ သွားတော့မယ်"

ထိုသို့ပြောရင်း သူ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

သို့သော်လည်း ပျမ်းကျင်းယွမ်က သူ့ကို ဖမ်းချုပ်လာသည်။

လုယွင်ဖေး သူ့မျက်နှာက နီမြန်းနေသေးသော်လည်း နောက်လှည့်ကြည့်လိုက်မိရာ သူ၏ ဖြူစင်လှသည့် မျက်နှာထားက ပျမ်းကျင်းယွမ်ကို ကလိထိုးနေသလို ခံစားလိုက်ရ၏။ သူရှေ့က ကောင်လေးကို ကြည့်ရင်း သူဆိုလိုက်သည်။ "ခဏနေဦး"

လုယွင်ဖေးက "အိုး"ဟု ညင်သာစွာ ဆိုလာခဲ့သော်လည်း သူ့ခေါင်းကိုတော့ မမော့လာခဲ့ချေ။

ပျမ်းကျင်းယွမ်က သူ့အိတ်ထဲမှ ဘူးတစ်ဘူးကို ထုတ်ယူလိုက်ပြီး သူ့ကို ကမ်းပေးလိုက်သည်။ "မွေးနေ့လက်ဆောင်"

တီမောလ်ဂျင်းနီ (Completed)Where stories live. Discover now