Dai Hansen Picking A Fight and Father Bian’s Entrance“မင်းက သူ့ကို မကြိုက်တော့ ငါ သူနဲ့ နေ့တိုင်း အတူတူ သွားလာရင် စိတ်ညစ်မှာ မလား”
ထိုစကားကို ကြားသည့်အခါ ပျမ်းကျင်းယွမ်၏ အပြုံးက ပိုကြီးမားလာသည်။ သူက လုယွင်ဖေးကို နမ်းချင်သလို အနားသို့ တိုးကပ်လိုက်သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းချုပ်လိုက်မိသည်။
“ဒါဆိုရင် ငါ လီယွမ်ချင်းကို မကြိုက်ရင်ရော ဘယ်လိုလုပ်မလဲ” ပျမ်းကျင်းယွမ် တမင် မေးလိုက်မိသည်။
လုယွင်ဖေး၏ မျက်လုံးများက အံ့ဩသလို ပြူးကျယ်သွားမိသည်။ “မင်းက လီယွမ်ချင်းကို မကြိုက်ဘူးလား”
ထိုသည်က အရေးကြီးကိစ္စပင်။ လီယွမ်ချင်းက သူ့ကလေးဘဝကတည်းက သူငယ်ချင်း ဖြစ်၏။
“မင်းမကြိုက်တဲ့ အချက်ကို ငါ့ကို ပြောပြလေ။ သူ့ကို ပြောင်းလဲဖို့ ငါ ပြောကြည့်မယ်လေ” လုယွင်ဖေး ကြိုးစားကြည့်မိသည်။
ပျမ်းကျင်းယွမ် လှောင်ရယ်သလို အသံပြုလိုက်မိသည်။ ထိုသို့ဆိုလျှင် သူနှင့်ပတ်သက်ပြီး သူမကြိုက်သည့် ကိစ္စက များလွန်းသည်။ သူတို့ အတူကြီးပြင်းခဲ့သည်ကို ထည့်မတွက်လျှင် သူတို့ နှစ်ယောက်လုံးက တဲတစ်လုံးအတွင်းတွင်ပင် အတူ အိပ်ဖူးသေးသည်။ သူပင် လုယွင်ဖေးနှင့် တဲတစ်လုံးအတွင်းတွင် အတူမအိပ်ဖူးသေး။
သိသာစွာပင် ယနေ့ လီယွမ်ချင်းက ပျမ်းကျင်းယွမ်၏ စိတ်ထဲတွင် မြေဖို့ခံလိုက်ရ၏။
ကျောင်းချိန်အပြီး နေ့လယ်ရောက်သည့်အခါ တိုက်ဟန့်စင်းက သူ့အိတ်ကို သိမ်းလိုက်ကာ လုယွင်ဖေးဆီသို့ လျှောက်လာခဲ့သည်။ “ထမင်း အတူ စားကြမလား။ ငါ့အိမ်မှာ ဘယ်သူမှ မရှိဘူး”
“မစားတော့ဘူး” လုယွင်ဖေးက ငြင်းဆန်သည်။တိုက်ဟန့်စင်းက သူ့ကို သိမ်းသွင်းရန် ကြိုးစားသည်။ “မင်း တကယ် မလိုက်ဘူးလား။ ငါ ပြီးခဲ့တဲ့ နှစ်ရက်ကမှ ဘာဘီကျူးဆိုင်တစ်ဆိုင် တွေ့ထားတာ။ တကယ် အရသာရှိတာ”
သူ ပြောလာသည့်အခါမှ လုယွင်ဖေးလည်း ဘာဘီကျူး စားချင်လာသည်။ သို့ရာတွင် တိုက်ဟန့်စင်းနှင့်တော့ သူ စားမည် မဟုတ်ပေ။

YOU ARE READING
တီမောလ်ဂျင်းနီ (Completed)
Romanceမီယမ်မာထရန်စလေးရှင်း Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi အော်သာ - လင်းအောင့်စစ် Chapters- 80 chapters+ 4 extras