Final Chapter(Unicode)
ဗယ်လင်တိုင်းနေ့က နီးကပ်လာသည့်အခါ လုယွင်ဖေး ပျမ်းကျင်းယွမ်အတွက် လက်ဆောင်ဝယ်ရန် အရင်ပြင်လိုက်သည်။ ပျမ်းကျင်းယွမ် လိုအပ်နေသည့် နေရာများကို လုယွင်ဖေး စဉ်းစားမိပြီး သူ့အတွက် လက်ပ်တော့တစ်လုံး ဝယ်ပေးရန် ဆုံးဖြတ်လိုက်၏။
ဈေးကြီးလွန်းသည်ဟု ပျမ်းကျင်းယွမ် ခံစားမိသောကြောင့် လုယွင်ဖေးက လစာကတ်ကို ထုတ်လိုက်ကာ မေးလာခဲ့သည်။ "မင်း ယူမှာလား၊ မယူဘူးလား။ မင်းမယူရင် ငါလည်း ဒီဟာကို လက်မခံဘူး"
ထို့ကြောင့် ပျမ်းကျင်းယွမ်လည်း လက်ဆောင်ကို လက်ခံလိုက်ရသည်။ သူကတော့ လုယွင်ဖေးအတွက် ဝယ်ပေးထားသည့် နားကြပ်တစ်ခုကို ပြန်ပေးလိုက်သည်။ လုယွင်ဖေးက ထိုတံဆိပ်ကို လိုချင်သည်ဟု လွန်ခဲ့သည့်နှစ်ရက်က သာမန်ကာလျှံကာ ပြောခဲ့ဖူးသည်။ သူကိုယ်တိုင်က မေ့သွားပြီဖြစ်သော်လည်း ပျမ်းကျင်းယွမ်က မှတ်မိနေသည်။
"ငါ့ကို နားကြပ်ဝယ်ပေးဖို့ မင်းမှာ ပိုက်ဆံရှိနေတယ်ပေါ့၊ ဟမ့်။ ငါတို့ကျောင်းသားပျမ်းက ကိုယ်ပိုင်ငွေတွေအများကြီးဝှက်ထားတယ်နဲ့ တူတယ်" လုယွင်ဖေးက စားပွဲခုံကို ခေါက်လိုက်သည်။
ပျမ်းကျင်းယွမ်က ပြုံးပြသည်။ "ဆက်ဆံရေးတစ်ခုတိုးတက်ဖို့ လုံလောက်တဲ့ ပမာဏပေါ့"
လုယွင်ဖေးက ခေါင်းညိတ်လိုက်ကာ သူ့ကို ခွင့်လွှတ်ပေးလိုက်သည်။
သူတို့နှစ်ယောက် အပြင်တွင် ထမင်းသွားစားကြသည်။ လမ်းတစ်လျှောက် ခြေကျင်လျှောက်သွားစဉ်တွင် ကောင်မလေးတစ်ယောက်က ပြေးလာကာ ပန်းဝယ်ချင်လားဟု မေးလာခဲ့သည်။ "ကောကော၊ ညှာတံနဲ့ ပန်းလေးဝယ်ပါလား။ ကျဲကျဲလှလှတစ်ယောက်ကို ပေးလို့ ရတယ်"
လုယွင်ဖေးက ကောင်မလေးကို ပြန်စနောက်လိုက်သည်။ "ဒါဆိုရင် ကောကောလှလှတစ်ယောက်ကိုရော ပေးလို့ရလား"
ကောင်မလေးက သူပြောသည်ကို နားလည်ရန် ငယ်ရွယ်သေးသောကြောင့် နာခံစွာပင် ပြန်ဖြေလာသည်။ "ရတာပေါ့။ အန်ကယ်လှလှ (ဒါမှမဟုတ်) ဒေါ်လေးလှလှတွေကိုလည်း ပေးလို့ရတယ်"

YOU ARE READING
တီမောလ်ဂျင်းနီ (Completed)
Romanceမီယမ်မာထရန်စလေးရှင်း Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi အော်သာ - လင်းအောင့်စစ် Chapters- 80 chapters+ 4 extras