ep12

2.5K 335 67
                                    

ဆော့ဂျင် သောက်တာများသွားပြီး ပြန်ခါနီးမှာပင်
မထိန်းနိုင်တော့ဘဲ သန့်စင်ခန်းအရင် ထွက်ခဲ့သည်။
ပြန်တော့မှာကို အိမ်အထိတောင် သူမအောင့်နိုင်တော့ 
ဂျယ်ယောင်းကိုပစ်ထားခဲ့ပြီး သူအရင် သန့်စင်ခန်း
ဆိုပြီး ပြေးလာခဲ့သည်။ ဂျယ်ယောင်းက အမှန်အကန်
သောက်တော့ မူးနေပြီ။ သူကတော့ ရေခဲနှစ်ဆလောက်နဲ့မလို့
ခပ်ထွေထွေပဲ ဆီးမထိန်းနိုင်တာကလွဲရင်
အားလုံးအဆင်ပြေနေသေးတယ်။ ကိစ္စရှင်းပြီး ထွက်လာတော့ လက်ကနာရီကို တစ်ချက်ကြည့်လိုက်သည်။
ဆယ်နာရီခွဲနေပြီ။ ဒီနေ့က သူအပြင်မှာနောက်အကျဆုံး
နေတဲ့နေ့ပဲ။ ဂျယ်ယောင်းကို ပြန်ပို့ပြီး မြန်မြန်ပြန်တော့မှ..

" ရား... ရကြလား ရကြလား
စောစောစီးစီးရှိသေးတာကိုကွာ "

" ထနိုင်တယ် အေးဆေး.. မနက်ကျရင် ထပ်တွေ့မယ်
ဂွတ်ဘိုင် "

" ဟေး ခဏ မူးနေတဲ့သူတွေ ကားမောင်းလို့မဖြစ်ဘူးနော်
အဌားယာဉ်မောင်းခေါ်ကြ "

သူနဲ့ဂျယ်ယောင်းလည်း တစ်ကားစီသတ်သတ်လာကြတာ
မလို့ သူလည်း ဂျယ်ယောင်းအတွက် အဌားယာဉ်မောင်း
ခေါ်ရမလား အတွေးပေါက်သွားသည်။ သူ့ရှေ့လှမ်းလှမ်းက
အခန်းထဲကထွက်လာတဲ့လူတွေရဲ့ တစ်ယောက်တစ်ခွန်း
အပြောကြောင့် သူလည်း အဲလိုလုပ်ဖို့စဉ်းစားမိသည်။
ထိုလူအုပ်စုက အခန်းထဲကနေ ထွက်လာကြပြီး
လမ်းကျဉ်းကျဉ်းကို ကို့ရို့ကားယားပိတ်နေသည်မလို့ 
သူဖြတ်မဝင်ဘဲ ရပ်စောင့်နေလိုက်သည်။
နေပါအုံး.. သူဒီလူတွေကို သိပါတယ် ...

" ဂျယ်အီးကို ဘယ်သူလိုက်ပို့မလဲ အဌားယာဉ်မောင်းတွေက
စိတ်မချရမှာဆိုးတယ် မိန်းကလေးတွေအတွက် "

နေပါအုံး သူ့ရုံးကသူတွေမဟုတ်ဘူးလား..!

" ဂျောင်ဂုကိုရော ဘယ်လိုလုပ်မလဲ ဒီကောင်လေး
တော်တော်သောက်နိုင်သားပဲ "

ဂျောင်ဂု!

" ဂျောင်ဂု.. ဟေး ဂျောင်ဂု ရရဲ့လား "

" ကျွန်တော်ကရတယ် ကျွန်တော်ကရတယ်
အေးဆေးပဲမလို့ မတို့သာကောင်းကောင်းပြန်ကြ "

" ရား.. ဂျောင်ဂုမှာ သူ့ကိုကိုတစ်ယောက်လုံးရှိနေတာပဲ 
ဟုတ်တယ်မလား မောင်လေး "

U [✓]Onde as histórias ganham vida. Descobre agora