ep34

2.8K 362 80
                                    

ထမင်းစားဝိုင်းတွင် ဦးတို့မိသားစုက တစ်ခြမ်းထိုင်ကြသည်။
ထိပ်ဆုံးတွင် ဖွားထိုင်ပြီး ဘေးတွင် အဖေနဲ့မေမေလေး
ပြီးတော့သူ။ တစ်ဖက်တွင်တော့
ဦးရယ် အစ်မနိုအွန်းရယ် ပေါက်စရယ် အစဉ်အလိုက်ထိုင်ကြသည်။
သူနဲ့ဦးနဲ့ ဝေးသွားသည်။ ဘယ်သူ့ကိုမှလည်း နေရာလဲပေးဖို့ မပြောရဲ..
သူဦးကိုအကဲခတ်ရင်း ဖြည်းဖြည်းချင်း စားနေသည်။

" စားကြနော် စားလို့အဆင်ပြေရဲ့လား..
တချို့ဟင်းတွေက ရာရာကိုယ်တိုင်ချက်ထားတာမလို့
ဝေဖန်ချက်လေးတွေ စောင့်နေပါ့မယ် "

" တကယ်စားကောင်းပါတယ်
အစ်မရာရာက ကျွန်မထက်အများကြီး သာသေးပါတယ်
ကျွန်မလာသင်လို့ရမလား "

" အချိန်မရွေးဘဲ ... တွေ့လား တွေ့လား "

မေမေလေးက သူနဲ့အဖေကို တစ်ဖက်စီတို့ရင်း
မြှောက်ကြွကြီးလုပ်နေသည်။ သူများမကောင်းတတ်လို့
ချီးကျူးတာကို အဟုတ်မှတ်နေတာ။ မေမေလေးချက်
ပေးတဲ့အခါဆို တစ်အိမ်လုံး မတို့ကြဘူး။ ဖွားဖွားကတော့
လက်မလျှော့ဖို့ပြောပါသည်။ ဒါပေမဲ့ ‌အဖေကတော့
မီးဖိုချောင်ထပ်မဝင်ခိုင်းတော့ဘူး။ အစားမရွေးတဲ့သူတောင်
မေမေလေးချက်တဲ့ဟင်းတွေ မစားနိုင်ဘူး။

" အားလုံး ပုစွန်စားကြတယ်မလား
ကျွန်တော်နွှာပေးပါ့မယ် "

" မဟုတ်တာ အကူတွေလုပ်ခိုင်းလို့ရတယ်
အေးဆေးစား "

" ကျွန်တော်လုပ်ပေးပါ့မယ် အားလုံးအတွက်
ကျွန်တော်ကောင်းကောင်းလုပ်တတ်ပါတယ်
ကျေးဇူး ကိုယ်လုပ်လိုက်မယ်.. "

ဦးက အနားတွင် ပုစွန်နွှာဖို့ရောက်လာတဲ့ အိမ်အကူတွေကို
ပြုံးပြုံးလေးငြင်းလိုက်သည်။
ပြီးတော့ လက်အိတ်ကောက်စွပ်ရင်း
ပုစွန်တွေကို ကျွမ်းကျွမ်းကျင်ကျင်
ခွာပါတော့သည်။ ပြီးတော့
ရလာတဲ့အသားတွေကို အဖွားကနေစလို့ အကုန်လုံးကို ဝေငှပေးနေသည်။
နောက်ဆုံး သူ့အတွက်ဆိုပြီး
ပေးလာတဲ့အခါမှာတော့
သူမသိချင်ယောက်ဆောင်ပြီး ခေါင်းငုံ့စားနေလိုက်သည်။ အကုန်လုံးအတွက်
လိုက်ပေးနေပြီးမှ ဘာလုပ်ရမှာလဲ စားဘူး။

U [✓]Where stories live. Discover now