ep25

2.7K 360 96
                                    

" ဂျောင်ဂု ကိုယ်ပြောတာနားထောင်အုံး "

" ဘာပဲပြောပြော ဦးကသွားမှာပဲမလား
ဘာလို့လာပြောနေအုံးမှာလဲ ဦးဆုံးဖြတ်
ချက်ကို ပြင်မှာမလို့လား "

" ဒါက ကိုယ့်ဆုံးဖြတ်ချက်မဟုတ်ဘူးလေကွာ
ကိုယ်တို့ဒါကို အလုပ်တစ်ခုလိုပဲ သတ်မှတ်ပြီး
လုပ်လာတာ အရင်ကလည်း အဲလိုတွေရှိခဲ့ဖူးတာပဲ
ဘာလို့ကိုယ့်ကို နားမလည်ပေးနိုင်ရတာလဲ "

ဂျောင်ဂု ဆွဲလက်စပုံကို ရပ်လိုက်သည်။
သူကနားမလည်ပေးနိုင်ဘူး ဟုတ်တယ်။
သူတို့ထယ်ဆန်းနှစ်ပတ်လည်အတွက်
ဦးသွားရမဲ့အကြောင်း ပြောနေကြတာဖြစ်သည်။
ဦးဟာဦးက ဘာပြဿနာမှမရှိဘူး။ အခုက
သူ့မိန်းမနဲ့အတူ တက်ရမည်တဲ့။
ဘယ်ချိန်ကတည်းက
သူတို့စီစဉ်ထားကြသည်လဲမသိ။ သူသိသလောက်တော့
အရင်ကပွဲတွေတက်လည်း ဦးတစ်ယောက်တည်းပင်။
အခုမှဘာလို့ လင်မယားအလိုက်တက်ရလဲဆိုတော့
ဖိတ်လို့တဲ့။ သူဒေါသထွက်နေတာမဟုတ်ဘူး
နားလည်မပေးနိုင်တာလည်း မဟုတ်ဘူး ဒီအတိုင်း
ဝမ်းနည်းနေမိလား မသိတော့ဘူး။
သူမနာလိုနေတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ် သူဦးမိန်းမနေရာကို မနာလိုနေတာလေ..
ဦးဘက်က လင်မယားအတူတက်ရုံနဲ့ မိန်းမဘက်
ပြန်မကြိုက်သွားမှန်းသိတယ် သူ့ကိုအလေးထားမှန်းလည်း
သိပါတယ် ဒါပေမဲ့ ဦးက သူ့ကိုတစ်မျိုးပဲ ထင်နေတယ်
နားမလည်ပေးတဲ့ချစ်သူ၊ ကလေးဆန်တဲ့ချစ်သူပေါ့
သူက ဦးဆီက နည်းနည်းအရေးပေးတာကို လိုချင်ရုံပါ
စကားတွေအများကြီးပြောပြီး စိတ်လိုလက်ရ ချော့ပြော
တာမျိုးပေါ့ ဒါပေမဲ့ ဦးက စပြောကတည်းက
'ငါထယ်ဆန်းနှစ်ပတ်လည်ပွဲတက်ရမယ်' 'နိုအွန်းရောပါမယ်'
'အတူ' ဆိုပြီး အဲသုံးခွန်းပဲစပြောပြီး သူကကောက်တော့
နားမလည်ပေးနိုင်တဲ့သူဖြစ်သွားပြီ။

" ဟုတ်တယ် ကျွန်တော်ကနားမလည်ပေးနိုင်ဘူး
တစ်ကိုယ်ကောင်းလည်း အရမ်းဆန်တယ် ဦးဟာဦး
သွားရမဲ့ဟာသွားလိုက် လုပ်စရာရှိတာလုပ်လိုက်
ကျွန်တော်က သိပ်‌အရေးမပါဘူးမလား "

" ကျစ်! မင်းကပြောလေကဲလေ မင်းကိုယ့်ကိုဘယ်လို
ဖြစ်စေချင်နေတာလဲ ကိုယ်မသွားဘဲ နေလို့မရလို့လေ
ကိုယ်မင်းကို အလေးထားလို့ပဲ မင်းကိုပြောပြနေတာလေ
ကိုယ်မဖြစ်မနေသွားရမှာသိပေမဲ့ မင်းကိုကိုယ်ပြော
ပြတယ်လေ ကိုယ့်ကိုဘယ်လိုဖြစ်စေချင်‌တာလဲမင်းက "

U [✓]Where stories live. Discover now