ep30

3.1K 356 61
                                    

" အိမ်ကိုမောင်းနေတာမဟုတ်ဘူးလား "

ဂျောင်ဂုကားက သူ့အိမ်ဘက်ကိုဦးတည်နေတာ
မဟုတ်တော့ သူထုတ်မေးလိုက်သည်။ သူတို့
ဆိုင်ကထွက်ခဲ့ပြီးကတည်းက အပြန်လမ်းတစ်လျှောက်
စကားမပြောကြသေး။ ဂျောင်ဂုသူ့ကို နိုအွန်းနဲ့
တွေ့လိုက်ရ၍ ပြဿနာရှာမည်ထင်ထားတာ
ခုနကထိ သူ့ကိုမြင်ကတည်းက စူးစိုက်ကြည့်နေတဲ့သူက
အခုနှစ်ယောက်တည်းသီးသန့်ဖြစ်သွားတဲ့အထိ
ဘာစကားမှထုတ်မပြောလာသေး။ သူပင်ပန်းနေပေမဲ့
ဂျောင်ဂုကိုရှင်းပြဖို့ အဆင်သင့်ဖြစ်နေပါသည်။

" ကိုယ်မင်းကိုတမင်မပြောတာမဟုတ်ဘူး
ကိုယ်တို့ကလေးအတွက် လိုလို့ဆိုတာ သိထားပေးပါ
ကလေးရဲ့ကျောင်းလုပ်ဆောင်ချက်တွေမှာ
အရေးပါတာမလို့ အတူသွားဖြစ်သွားတာ "

ဂျောင်ဂုထံမှ အသံတိတ်နေသည်။ အွန်းလေးက
လည်ပတ်ဆော့ကစားပြီးတော့ ဗိုက်ပြည့်ပြီး
မောသွားပြီထင်တယ် သူဆံပင်လေးကို သပ်ပေးနေတော့
အိပ်ငိုက်သွားပြီ။ အိပ်တော့မည့်အွန်းလေးကို
‌သူ့ပေါင်ပေါ်ခေါင်းတင်စေပြီး ချော့သိပ်လိုက်သည်။

" မနက်က ဘယ်ချိန်ထလဲ "

" အမ် ကိုယ်လား ခုနစ်နာရီလောက်ဖြစ်မယ်
ဘာလို့လဲ "

" ကျွန်တော်တို့ညက ဘယ်ချိန်အိပ်လဲ "

ဘာကိုမေးချင်နေမှန်းမသိပေမဲ့ သူညက
အကြောင်းကို ပြန်တွေးလိုက်သည်။ အတိအကျ
မသိပေမဲ့ မနက်အချိန်တော့ ရောက်နေပြီဖြစ်သည်။

" လေးနာရီလောက်ထင်တာပဲ ဘာလို့လဲ "

ဂျောင်ဂုကသူမေးတာကို တစ်ခုမှမဖြေဘဲ
စတိုးဆိုင်တစ်ခုတွင် ကားရပ်လိုက်ပြီး
တံခါးကိုဆောင့်ပိတ်သွားသည်။ အွန်းလေးတောင်
လန့်ပြီးနိုးမလိုဖြစ်သွား၍ ရင်ဘတ်ကို ဖိပေး
ထားလိုက်ရသည်။

ခဏနေတော့ ဂျောင်ဂုက အိတ်တစ်အိတ်ကိုင်ပြီး
ထွက်လာခဲ့သည်။ ကားထဲကို ခုနကအတိုင်း
ပြန်ဝင်လာပြီး ပြန်မောင်းထွက်ဖို့ပြင်သည်။

" လက်ကမသက်သာလို့လား ကိုယ်မင်းမထခင်
ဆေးလိမ်းပေးထားသေးတယ် မင်းကိုလည်း
ထပ်လိမ်းဖို့မှာထားတယ် လိမ်းပြီးပြီလား "

U [✓]Where stories live. Discover now