ep20

3.3K 364 115
                                    

သူ့ရင်ခွင်ထဲ ငြိမ်ရင်း အိပ်ပျော်သွားတဲ့
ဂျောင်ဂုကို ကြည့်ရင်း ဖြည်းဖြည်းချင်း
ခွာလိုက်သည်။ ငိုရင်းအိပ်ပျော်သွားတာပဲ
ကလေးလားမင်းက ဟမ်... ဒါပေမဲ့လည်း
အသက်က သူနဲ့ဆိုရင်တော့ အတော်ကို ကွာလွန်းသည်။
သူက သူ့မေမေလေးဆိုသူနဲ့မှ မတိမ်းမယိမ်းပင်။
ဂျောင်ဂုက သူ့ဟာသူဆိုရင်တော့ အရွယ်ရောက်နေတဲ့
လူပျိုပေါက်လေးပေါ့ သူနဲ့ယှဉ်ရင်တော့ ကလေးပဲ
ရှိသေးတယ် အိပ်နေတာလည်း ကြည့်အုံး
သူ့ရဲ့ယုန်သွားကြီးကြီးတွေပေါ်လို့.. ဆော့ဂျင်
သွားကြီးကြီး‌ကို လက်ညိုးနဲ့ ဖွဖွထိကြည့်မိသည်။
ကလေးပဲရှိသေးတယ် မင်းက...

အိပ်ပျော်သွားပြီဖြစ်တဲ့ ဂျောင်ဂုကို စောင်သေချာ
ခြုံပေးလိုက်ပြီး သူအိပ်ရာက ထလိုက်သည်။
စားပွဲပေါ်ကနာရီဆီ အကြည့်ရောက်တော့
အွန်းလေးအိပ်ချိန်ရောက်နေပြီ။ သူအိပ်ရာက
မြန်မြန်ထလိုက်သည်။ ပြန်ရောက်က‌တည်းက
ဂျောင်ဂုနဲ့အခြေအတင်ဖြစ်ပြီး အကုန်မေ့ထားမိတာ
အွန်းလေးကို သူဘာမှမလုပ်ပေးရသေးဘူး...
သူမြန်မြန်ပဲ အခန်းထဲက ထွက်လာလိုက်ပြီး
အွန်းလေးအခန်းဘက် ရောက်ခဲ့သည်။
အခန်းရှေ့ရောက်တော့ အခန်းထဲကထွက်လာတဲ့
နိုအွန်းနဲ့တွေ့သည်။

" ရှင်.. "

နိုအွန်းက သူ့ကိုသေချာအကဲခတ်ကြည့်သည်။
သူ့ပုံစံက ပြန်လာတုန်းကအတိုင်းကိုမှ အောက်ခံ
အဖြူတစ်ထည်ပဲ ရှိတော့သည်။ ပြီးတော့
နှုတ်ခမ်းတွင်လည်း ဂျောင်ဂုကြောင့် သွေးစို့ချင်
နေတော့ သူထိုနေရာကို မသိလိုက်ပါဘဲ လက်ဖမိုးနဲ့
ကာလိုက်သည်။

" ကလေးအိပ်သွားပြီလား "

" အင်း ကျွန်မသိပ်လိုက်ပြီ "

" ထမင်းရော ကျွေးပြီးပြီလား "

" အင်း ကောင်းကောင်းစားတယ်
စားပြီး သွားလည်း တိုက်တယ် "

" ညအိပ်ဝတ်အင်္ကျီရော.. "

" ကျွန်မကောင်းကောင်းလုပ်ပေးလိုက်ပါတယ်
ကျွန်မလည်းသူ့အမေပါ သူဘာလိုချင်လည်း
ကောင်းကောင်းနားလည်ပါတယ် "

" ဆောရီး ကိုယ်အဲသဘောနဲ့ပြောတာမဟုတ်ပါဘူး
သေချာချင်လို့... ကျေးဇူးပဲ ကိုယ်- "

U [✓]Where stories live. Discover now