1

10.1K 721 56
                                    

တောင်ကိုရီးယားနိုင်ငံ၏ မှုခင်းသတင်းဌာနတစ်ခုလုံးတွင် မီးလောင်မှုအကြီးစားတစ်ခုကြောင့် သတင်းသမားအကုန် အလုပ်ရှုပ်နေရသည်။

မှုခင်းရဲတွေသည်လည်း အခင်းဖြစ်ရာနေရာတွင် ပျားပန်းခက်လျှက်ရှိသည်။

စီးပွားရေးနယ်ပယ်ထဲတွင် အအောင်မြင်ဆုံးဖြစ်သော ကင်မ်မိသားစု၏အိမ်ယာတစ်ခုလုံး မီးလောင်မှုထဲ ပါသွားရခြင်းကြောင့်ဖြစ်သည်။

" မီးကကြီးပေမယ့် သူတို့အိမ်ယာဝန်းထဲမှာပဲ လောင်သွားတာလေ "

" အကုန်ပြာမဖြစ်ရုံတစ်မည်ပါပဲ "

" တစ်မိသားစုလုံး မီးထဲပါကုန်တယ်ပြောတယ် "

လူအမျိုးမျိုးရဲ့ စကားသံတွေက မကြားဝံ့စရာ။ချမ်းသာကြွယ်ဝခြင်းတွေဟာလည်း တစ်ခဏအတွင်း ပြာမှုန်များအဖြစ်သို့ ရောက်ကြရလေပြီ။

" လမ်းရှင်းမယ် ဒီမှာ ကလေးတစ်ယောက် အသက်ရှင်နေသေးတယ် "

မီးသတ်တစ်ယောက်နှင့်အတူ ဆေးအကူအဖွဲ့မှ ၈နှစ်အရွယ် ကလေးလေးအား ပွေ့ချီကာထွက်လာသည်။

ကလေးလေး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ်မျှသာရှိပြီး သတိလစ်နေခဲ့တာဖြစ်သည်။

ဆေးရုံကားရဲ့ တဝီဝီအသံနှင့်အတူ ထိုကလေးလေးအား ဆေးရုံသို့ ခေါ်သွားကြပြီဖြစ်သည်။

" အဲ့တာ ကင်မ်မိသားစုရဲ့ကလေးလေးမို့လား "

" ဟုတ်တယ်လေ ကလေးလေးကအသက်ရှင်နေသေးတာတဲ့ သူ့မိဘတွေကတော့ မီးထဲပါကုန်ပြီဆိုပဲ ကလေးလေးသနားပါတယ် "

ပတ်ဝန်းကျင်၏ ဂရုဏာတွေက ထိုကလေးလေးအပေါ် သက်ရောက်လျှက်ရှိသည်။
ဆုံးရှုံးမှုတွေကြားထဲ တစ်ဦးတည်းကျန်နေခဲ့သော ထိုကလေးငယ်ဟာ ကံဆိုးသလား ကံကောင်းသလား မည်သူမျှ မဝေခွဲတတ်ခဲ့ပေ။

" ကလေးကသတိလစ်နေခဲ့တာ ဒေါက်တာ "

မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ ဂျွန်ယောင်းမှ ဆရာဝန်အား အသိပေးခြင်းဖြစ်သည်။

" ကောင်းပြီ ကျွန်တော့်တာဝန်ထားပါ "

သတိမေ့နေခဲ့သော ကလေးငယ်လေး၏ ကုတင်ကိုတွန်းသွားခဲ့ပြီဖြစ်တာကြောင့် ဂျွန်ယောင်း နေရာတွင်သာ ရပ်၍ကြည့်နေရတော့သည်။

" Koo "Where stories live. Discover now