4

3.9K 518 37
                                    

#unicode

သူတို့ရုံးခန်းမှထွက်လာပြီးတဲ့နောက် ဦးလေးကြီးက စိတ်ဆိုးနေပုံရသည်။မျက်ခုံးနှစ်ခုကို ထိစပ်လုမတတ် ကျုံ့ထားရင်း ခြေလှန်းတွေမြန်နေတာကြောင့် ထယ်ယောင်းရဲ့ ခြေထောက်ပုတိုတိုလေးတွေက မပြေးရုံတမည်အမှီလိုက်နေရသည်။

သို့သော် ဦးလေးကြီးသည် ထယ်ယောင်း၏ လက်ကိုတော့ ယခုချိန်ထိ တင်းကြပ်စွာဆုတ်ကိုင်ပေးထားဆဲဖြစ်သည်။

ကားထဲပြန်ရောက်သည့်အခါ ထယ်ယောင်းအား နောက်ခန်းတွင်ဝင်ထိုင်စေသည်။ဦးလေးကြီးက ကားမောင်းသူနေရာတွင်ဝင်ထိုင်ရင်း ကားကိုချက်ချင်းမောင်းမထွက်ခဲ့ပေ။

အချိန်တစ်ခုကြာမှ ထယ်ယောင်းဘက်ကိုလှည့်ကာ စကားပြောလာသည်။

" ထယ်ယောင်းလေး ဦးလေးကြီးနဲ့အတူ ဂျွန်ကူးကိုသွားကြိုကြရအောင်နော် "

ဦးလေးကြီးသည် ထယ်ယောင်းအား ချိုသာစွာပြုံးပြရင်း ပြောလာသည်။ဦးလေးကြီး၏ မျက်နှာတွင် ခုဏကလို စိတ်ဆိုးနေခြင်းမျိုးတွေမရှိတော့တာမို့ ထယ်ယောင်းလေးလည်း ကျေနပ်သလိုခံစားသွားရသည်။

ဦးလေးကြီးက သူ့ကိုစိတ်ဆိုးနေသလားဟု ထင်မိသွားတာမို့ အနည်းငယ်တုန်လှုပ်နေခဲ့မိတာဖြစ်သည်။
သူရုံးခန်းမှာတွေ့ခဲ့သည့် ဦးလေးဆိုသူနောက်ကို လိုက်မသွားချင်ခဲ့ပေ။

ထိုလူကိုသူသိပါသည်။အပါး​နှင့်အတူ အပါးတို့မိသားစု၏ ဓာတ်ပုံထဲတွင်လည်းတွေ့ဖူးသလို ထယ်ယောင်းတို့အိမ်ယာ မီးမလောင်ခင်ကလည်း အိမ်ကိုလာဖူးသည်လေ။

သို့သော် ထိုလူကြီးကို ထယ်ယောင်း သဘောမကျပေ။ထယ်ယောင်းကို အပါးရှေ့တွင်သာ ဂရုစိုက်ပြီး အပါးမရှိလျှင် ကြောက်စရာကောင်းသော မျက်လုံးတို့ဖြင့် စိုက်ကြည့်နေတတ်သည်။
ထို့ကြောင့်ထိုလူကြီးနောက်မထည့်လိုက်သည့် ဦးလေးကြီးကို ထယ်ယောင်းပိုပြီး ကျေးဇူးတင်မိပြန်သည်။

ထယ်ယောင်းနှင့်ဦးလေးကြီး ဂျွန်ကူးတို့ကျောင်းရှေ့ရောက်ပြီး ခဏအကြာမှာ ဂျွန်ကူးတို့ကျောင်းကဆင်းပြီဖြစ်သည်။

" Koo "Where stories live. Discover now