5

3.8K 510 39
                                    

#unicode

ကျောင်းပိတ်ရက်ဖြစ်တာမို့ ကလေးနှစ်ယောက်အိပ်နေတာကို မနှိုးဖြစ်ပဲ မနက်စာပြင်ဆင်ပေးနေလိုက်သည်။

ဂျွန်ကူးက ကျောင်းပိတ်ရက်တွေဆိုလျှင် အတော်နောက်ကျမှသာထတတ်တာကြောင့်လည်းပါသည်။

မနက်စာအာလုံးပြင်ဆင်ပြီးချိန် ဂျွန်ကူး၏အခန်းတံခါးလေးအား အသာအယာဖွင့်ကြည့်မိတော့ မျက်နှာချင်းဆိုင်လျှက် တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ကာ အိပ်နေကြသည့် ကလေးနှစ်ယောက်ကိုတွေ့ရသည်။

ဂျွန်ယောင်း သဘောတကျပြုံးမိရင်းမှ တံခါးအားပြန်ပိတ်ကာ လုပ်စရာရှိတာများ လုပ်နေလိုက်သည်။

...

အိပ်ယာစောစောနိုးတတ်သည့် ထယ်ယောင်းလေး နိုးနေခဲ့တာကြာပြီဖြစ်သည်။သို့သော် မိမိအား ကျစ်နေအောင် ဖက်ထားသည့် 'ကူး'နိုးသွားမည်ဆိုတာကြောင့် သူငြိမ်ငြိမ်ကလေး နေရင်း ကူးကိုငေးကြည့်နေလိုက်သည်။

' ကူး 'နဲ့တွေ့ရခြင်းသည် သူ့အတွက်ကံကောင်းခြင်း တစ်ခုဖြစ်သည်။
သူ့အားအရာရာဦးစားပေးလွန်းသည့် ကူးက သူ့ထက်အငယ်လို့ပင် မထင်ရလောက်အောင်အထိပင်။

လူကြီးလေးတစ်ယောက်လို့ သူ့အား ကာကွယ်စောင့်ရှောက်မည်ပြောလာတိုင်း သူ့မှာအသည်းယားသလို သဘောလည်းကျရသည်။

" ကူး ငါ့အနားမှာအမြဲရှိနေပေးပါ "

ခပ်တိုးတိုးကလေး ရေရွတ်လိုက်ခြင်းပါ။ခင်တွယ်စရာမရှိသလောက်ရှာတဲ့သူ့ဘဝမှာ ကူးက သိပ်ကိုထူးခြားသည့် ကလေးဖြစ်နေခဲ့ရပြီ။
ကူးကသာ သူ့ကိုမလိုအပ်တော့လျှင် သူ့ဘဝဟာဒီထက်ပိုပြီး တိတ်ဆိတ်သွားဖို့သာရှိသည်။

အိပ်ပျော်နေသော ကောင်ငယ်လေးအား ကြည့်ကာတွေးနေရှာသည့် အတွေးတွေက အရွယ်လေးနှင့် မလိုက်အောင်လေးလံနေပြီလား သူမတွေးတတ်။သူသိသည်က ကူးအားမဆုံးရှုံးချင်တာဖြစ်သည်။

ကူးရဲ့ဆံပင်ပျော့အိအိလေးတွေအား လက်ညိုးကလေးဖြင့် တို့ထိကာ ဆော့ကစားနေချိန် ကူး၏ မျက်လုံးဝိုင်းဝိုင်းလေးတွေက ပွင့်လာကြသည်။

" Koo "Where stories live. Discover now