13

3.5K 456 16
                                    

#unicode

ပိတ်ရက်တွင် ဒိတ်မည်ဟူသော စကားကို ထယ်ယောင်းက စနောက်နေခြင်းဟုထင်ခဲ့သော်လည်း ကူး၏တက်ကြွနေသည့်ပုံစံလေးကြောင့် သူပါစိတ်လှုပ်ရှားနေမိသည်။

လှလှပပထုတ်ပိုးထားသော ဘူးလေးတွေထဲ ထမင်းလိပ်၊sandwichနှင့်အတူ အသီးကလေးများဟာလည်းစုံလို့ပင်။

ကျိမ်ခြင်းလေးထဲတွင် သစ်သီးဖျော်ရည်ပုလင်းကလေးလည်း ပါသေးသည်။

" သဘောကျလား ကိုကို "

နိုးနိုးချင်းမြင်လိုက်ရသည့်ထယ်ယောင်းမှာတော့ မျက်လုံးအပြူးသားဖြစ်ရသည်။

" ဒီတိုင်းလျှောက်လည်ဖို့မဟုတ်ပဲ အသေးစားpicnicလေးထွက်ကြရအောင်
ကျနော်နေရာကောင်းလေးတစ်ခုတွေ့ထားတယ် "

ပါးစပ်ကလည်း တတွတ်တွတ်ပြောရင်း ခြင်းထဲသို့လိုအပ်တာတွေ စုထည့်နေပြန်သည်။

" ကိုကိုပြင်ဆင်တော့လေ ကိုကိုပြီးတာနဲ့သွားကြမယ် "

" အော အင်း "

ထယ်ယောင်းမှာ ယောင်နနဖြင့် မျက်နှာသစ်ခြင်းရေချိုးခြင်းကို ခပ်သွက်သွက်လုပ်ကာ ပြင်ဆင်ရတော့သည်။
ဒီကောင်လေးသည် သိပ်ကိုစိတ်မြန်လက်မြန်ရှိလှ၏။

ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အဝတ်ကလေးကိုရွေးပြီးဝတ်ကာ မှန်ရှေ့မှာ မိမိကိုယ်ကိုယ်ကြည့်နေမိသည်က အခါခါ...

ယောကျာ်းလေးလည်း ချစ်ရသူရှေ့ လှချင်ပါသည်။ချောချင်ပါသည်။ချစ်သူလို့တွေးမိတော့ ရှက်ပြုံးကလေးဟာ တစ်ဆက်တည်း ပွင့်လန်းရပြန်သည်။

ကူးနှင့်သူဟာ ချစ်သူတွေပါတဲ့လေ။တစ်လောကလုံးကိုတောင် အော်ဟစ်ကြေငြာလိုက်ချင်သည်။ငယ်ငယ်ကတည်းက ချစ်ခဲ့ရသည့် ကောင်ဆိုးလေးဟာ အခုသူ့ချစ်သူဖြစ်နေပါပြီလို့.........

" ပြီးပြီလား ကိုကို "

တံခါးဖွင့်ကာ ခေါင်းကလေးတိုးဝင်လို့မေးလာသည့်ကောင်လေးကို သူပြုံးပြခေါင်းငြိမ့်လိုက်သည်။

အဝါရောင်ရှပ်အင်္ကျီကို ဂျင်းပန့်နှင့်တွဲဝတ်ထားသည့် ဆယ်ကျော်သက်ကောင်လေးဟာ တည်တည်ကြည်ကြည်လူငယ်လေးအသွင်။
ထယ်ယောင်းမှာ ငေးမဝဖြစ်ရတော့ ကောင်ကလေးက လည်ပင်းလေးတွေ ပွတ်သပ်လို့ရှက်နေရှာသည်။

" Koo "Where stories live. Discover now