3

3.9K 555 19
                                    

#unicode

ထယ်ယောင်းလေး မနက်စောစော နိုးလာခဲ့သည်။
ပုံမှန်ဆိုလျှင်လည်း ထယ်ယောင်းက စောစောအိပ်ကာ စောစောနိုးတတ်သည့်ကလေးဖြစ်သည်။

ခေါင်းလေးကိုတစ်ဖက်စောင်းလိုက်သည်နှင့် သွားလေးနှစ်ချောင်းပေါ်အောင် ပါးစပ်ကလေးပွင့်လျှက် အိပ်ပျော်နေသော ဂျွန်ကူးကိုတွေ့လိုက်ရသည်။

" ကူး "

စိတ်ထဲကခေါ်ချင်မိသည့် အမည်နာမလေးတစ်ခုကို ခပ်တိုးတိုးလေး ဖွင့်ဟမိသည်။သူညီလေးတစ်ယောက်လိုချင်ကြောင်း မားနှင့်အပါးကိုပူဆာဖူးသည်။

သို့သော် နေမကောင်းတဲ့မားကြောင့် ထယ်ယောင်းတစ်ယောက်တည်းသာ မွေးဖွားဖို့အဆင်ပြေခဲ့သည်။
ထိုအကြောင်းကို သိကတည်းက ထယ်ယောင်း မားကို ညီလေးမွေးပေးဖို့ မပူဆာမိတော့ပေ။

တကယ်တမ်း ထယ်ယောင်းလိုချင်သော ညီလေးရလာချိန် မားနှင့်အပါးက မရှိပေ။
သူမြင်လိုက်ရသည်က မားနှင့်အပါး မီးလောင်နေတဲ့အိမ်ကြီးထဲမှာ ရှိနေခဲ့ကြသည်။

မီးတွေကအရမ်းများလွန်းတာမို့ သူအရမ်းကြောက်နေခဲ့မိသည်။သူ့ခြေထောက်သေးသေးလေးတွေကလည်း လှုပ်လို့မရခဲ့သလို မျက်ဝန်းတွေတဖြေးဖြေးမှိတ်ကာ အိပ်ပျော်သွားခဲ့ရသည်။

သူပြန်နိုးလာချိန်မှာ မားနှင့်အပါးမရှိတော့မှန်း သူနားလည်လိုက်သည်။ဦးလေးကြီးကပြောသည်။ထယ်ယောင်းလေးကို စောင့်ရှောက်ပေးမည်တဲ့လေ။

ထယ်ယောင်းလေး မားနှင့်အပါးအကြောင်းတွေ မေးချင်သော်လည်း စကားတွေမပြောချင်တော့ပေ။
အရမ်းဝမ်းနည်းရလွန်း၍ ရင်ဘတ်တွေလည်း နာနေရသည်။

သူအရမ်းငယ်သေးတာမို့ မားနှင့်အပါးကို မကယ်လိုက်နိုင်ခဲ့ပေ။သူသာ ဦးလေးကြီးအရွယ်လောက် လူကြီးဖြစ်နေခဲ့လျှင် မားနှင့်အပါးကို သေချာပေါက်ကယ်နိုင်ခဲ့မှာပင်။

ထယ်ယောင်းလေး အများကြီး ဝမ်းနည်းရသည်။မားနှင့်အပါးကို ဒီတစ်သက်လုံး မတွေ့ရတော့မှန်း သိပါသည်။
ထယ်ယောင်းအသက်၈နှစ်ရှိပြီမို့ အရာရာကို နားလည်ပါသည်။

" Koo "Where stories live. Discover now