Chapter 1 Uni

918 49 4
                                    

🎧🎼အချစ်ဟောင်းတွေကလည်းပန်းပွင့်လိုဘဲခနပွင့်ပြီး​မြေခခဲ့ရတယ်....
အိပ်မက်ရဲ့ အဓိက အလယ်ဗဟိုကိုဘယ်နှစ်ယောက်များရောက်ရှိပြီးခဲ့ပြီလဲ!
လက်ပြနှုတ်ဆက်မှုတွေရဲ့နောက်ကွယ်မှာတော့ဝမ်းနည်းမှုတွေကျန်ရစ်စမြဲပါ...
ကျန်ရှိတဲ့ဘဝလေးကိုတော့ အချစ်နဲ့ပေါင်းစပ်ခွင့်ရမယ်ဆိုတဲ့အိပ်မက်လေးနဲ့ဘဲ....
သူများတွေပြောတဲ့ သံယောဇဥ်ကုန်ရင် ရေစက်ကုန်တယ်ဆိုတဲ့စကားကိုလျစ်လျူရှုထားတယ်....
ဘယ်လိုတောင်အထီးကျန်စေတာလဲ...
အချစ်ကြောင့်ရူးရူးမူးမူးတွေဖြစ်ပြီး အရာရာကိုမေ့လျော့နေခဲ့တယ်...
ငါတို့နှစ်ယောက်ဝေးသွားတော့မှအရင်အတိတ်ကအကြောင်းတွေပြန်စဥ်စားမိတယ်...အိပ်မက်ထဲမှာမင်းကအရင်ပုံစံအတိုင်းဘဲရှိလို့နေတယ်...🎧🎼

ရှောင်းကျန့်သံတိုင်ကိုမှီလို့သီချင်းနားထောင်နေရင်းမှပျင်းလာတာကြောင့်နားမှာတပ်ထားတဲ့နားကြပ်ကိုဖြုတ်လိုက်ကာလည်ပင်းမှာချိတ်လို့လမ်းစလျှောက်လိုက်တယ်....အဲ့ဒီ့အချိန်မှာဘဲသူ့နာမည်ကိုအကျယ်ကြီးကြားလိုက်ရတာကြောင့်လှည့်ကြည့်လိုက်တော့သူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေးယွိပင်းဖြစ်နေတာကြောင့်လက်လှမ်းပြလိုက်တယ်....

”ရှောင်းကျန်.....မင်းတကယ်ဘဲငါ့နောက်ကိုလိုက်လာပြီး...အို...ဆောရီး....”

သူ့ကိုနှုတ်ဆက်ဖို့ပြေးလာရင်းထိုင်နေတဲ့သူကိုဝင်တိုက်လိုက်တဲ့သူ့ရဲ့ရှပ်ပြာသူငယ်ချင်းကြောင့်သူရယ်လိုက်မိသည်....

”ပေကျင်းထိရောက်လာတယ်ပေါ့လေ....”

သူလည်းရယ်ရင်းပြေးထွက်အလာသူ့ကိုဝင်တိုက်လာတဲ့စကိတ်ကိုယ်စီစီးနေကြတဲ့လူတစ်စု....

”ယွိပင်းး....,အဟေးး..အမလေး....ဟေးး...ဟေးးး”

”ဟားးးဟားးးဟားးး”

တစ်ယောက်ချင်းစီသူ့ကိုဝင်တိုက်ကာတောင်းပန်မှမရှိရယ်နေကြတဲ့သူတွေကြောင့်ရှောင်းကျန့်ဒေါသထွက်စွာအော်ရင်းရယ်နေကြတဲ့လူတွေဆီသွားမိသည်...

”ဟေးးး..ဟေးးး..”

ဒါပေမယ့်လမ်းတစ်ဝက်မှာတင်ယွိပင်းကသူ့ကိုပြန်ဆွဲလာတာကြောင့်....

He's Dating the Gangstar💚For Yibo's Birthday💚(Complete)Where stories live. Discover now