Chapter 5 Zawgyi

109 5 0
                                    

ရှောင်းကျန့် ရိပေါ်နဲ့အတူဂိမ်းဆိုင်တစ်ခုကိုရောက်နေခြင်းဖြစ်သည်....

ရိပေါ်က ဂိမ်းဆော့နေပြီးသူကတော့ဘေးမှာထိုင်လို့ကြည့်နေရသည်...

”အိုး...ရက်စ်...”

ရိပေါ်ဂိမ်းနိုင်လို့ပျော်နေရင်သူပါအပျော်တွေကူးစက်ရသည်...

သူထိုင်နေရင်း သန့်စင်ခန်းသွားချင်လာတာကြောင့်ရိပေါ်ကိုပြောကာထွက်လာခဲ့လိုက်သည်...

”ရိပေါ် ငါသန့်စင်ခန်းခဏသွားဦးမယ်....”

”သန့်းင်ခန်းကဟိုဘက်မှာလေ...”

ရှောင်းကျန့် သန့်စင်ခန်းကိုထွက်လာရင်းကိုယ့်ကိုကိုယ်လည်းသတိပေးနေမိသည်...

”ရှောင်းကျန့် ဒါတကယ်မဟုတ်ဘူး....အိုးးး
တကယ်မဟုတ်ဘူး..ဟန်ဆောင်နေတာ...”

”ဘေဘီ...အကြာကြီးစောင့်လိုက်ရလား...”

”အိုး..ရပါတယ်..”

”ရှင်အတန်းတတ်ရတာအဆင်ပြေရဲ့လား...”

”အင်းအဆင်ပြေပါတယ်....”

ရှောင်းကျန့်လျှောက်လာရင်းမှကျစ်ရှီးနဲ့ဟိုနေ့ကသူ့ကိုစာရွက်တွေကူကောက်ပေးခဲ့တဲ့သူနဲ့ကိုအတူတွေ့လိုက်ရတာကြောင့်ရှောင်ထွက်မိသည်...

ဒါပေမယ့်ကံမကောင်းချင်တော့သူ့ကိုနှစ်ယောက်လုံးမြင်သွားပြီဖြစ်သည်...

”အိုး...ရှောင်းကျန့်ပါလား...”

”ရှောင်းကျန့်....”

ရှောင်းကျန့်မထူးဇာတ်ခင်းကာနှုတ်ဆက်လိုက်ရတော့သည်...

”ဟေး...”

”ဟေးးးးမင်းလည်းဒီက​ရောက်နေတာလား..
ရှောင်းကျန့်ငါမင်းကိုလိုက်ရှာနေတာ ကျေးဇူးတင်စကားပြောဖို့လေ...ဒါပေမယ့် အခြေအနေကမပေးဘူးဖြစ်သွားတယ်....”

ခွပ်..
ပြောနေရင်းအထိုးခံလိုက်ရတဲ့သူကြောင့်ရှောင်းကျန့်လန့်ကာအော်မိတော့သည်...
ဝင်ထိုးသူကတော့ဝမ်ရိပေါ်

”ဟေးးး...”

ကျိုးယွင်လည်းသူ့ကိုဘလိုင်းကြီးလာထိုးတဲ့သူကြောင့်ပြန်ထိုးတော့သည်...

He's Dating the Gangstar💚For Yibo's Birthday💚(Complete)Where stories live. Discover now