Chapter 2 Uni

353 39 0
                                    

”ဒါတွေကိုဘယ်သူဖျက်မှာလဲ ငါတို့ကျောင်းရဲ့ဥက္ကဋ္ဌကမနက်ဖြန်ရောက်မှာနော်...

ဟုတ်ပြီ ကောင်းပြီဆလသေချာအောင်သွားလုပ်....”

ရှောင်းကျန့်စာအုပ်တွေပိုက်ကာလျှောက်လာတုန်းနံရံပေါ်မှာဆေးရောင်တွေ​ခြယ်ထားမှုကြောင့်ကျောင်းသန့်ရှင်းရေးကိုဆူနေတဲ့ဆရာမကြီးကြောင့်တိတ်တိတ်လေးလစ်ထွက်မိသည်...

ဒါပေမယ့်ကံမကောင်းချင်တော့ဂန်းစတားကောင်အုပ်စုနဲ့တန်းတိုးလေသည်...

”ဟေ့...ရှောင်းကျန့်ဟိုမှာဟေ့...လာစမ်းပါ...သူ့နောက်လိုက်ကြရအောင်....”

ရှောင်းကျန့်လည်းသူတို့ကိုတွေ့တာနဲ့အမြန်ပြန်လှည့်ပြေးတော့သည်....သူတို့ကလည်းနောက်နေပြေးလိုက်လာကြသည်...

”မြန်မြန်...”

”တစ်ယောက်ယောက်ကိုသွားရှာလာခဲ့ အခုချက်ချင်းနော်...”

သူပြေးရင်းသူ့ရှေ့ရှိဆရာမကြီးကိုစာအုပ်နဲ့လှမ်းပစ်လိုက်တဲ့ဂန်းစတားအုပ်စု...

ဆရာမကြီးကလှည့်ကြည့်လာတော့သူ့ကိုလက်ညှိုးဝိုင်းထိုးနေကြတဲ့အုပ်စုကြောင့်ရှောင်းကျန့်ခေါင်းခါလို့ငြင်းမိသည်...

”သားလုပ်တာမဟုတ်ဘူးနော်ဆရာမ...”

ဆရာမကြီးကစိတ်ဆိုးနေတဲ့ပုံနှင့်တစ်ဖက်ကိုပြန်လှည့်သွားပြီးမျက်နှာချင်းဆိုင်မှကျောင်းသားလေးနှစ်ယောက်ကိုမေးသည်...

”ဘယ်သူလဲ...”

”ရှောင်းကျန့်ပါဆရာမကြီး....”

ဆရာမကြီးကသူ့ကိုဒေါသထွက်စွာပြန်ကြည့်လာတာကြောင့်ရှောင်းကျန့်သက်ပြင်းသာချမိတော့သည်...သူ့အနောက်ကဂန်းစတားကောင်တွေကိုဘယ်သူကလွန်ဆန်နိုင်မှာလဲ...

ည၆နာရီ....

ရှောင်းကျန့်အခုထိအိမ်မပြန်ရသေး...
ကျောင်းသားတစ်ချို့တော့ရှိနေပေမယ့်နံရံပေါ်ကဆေးရောင်စုံတွေကိုတစ်ယောက်ထဲဖျက်နေရတဲ့သူ့ကိုသနားသလိုကြည့်သွားကြတာကြောင့်ရှောင်းကျန့်ဒေါသထွက်မိပေမယ့်လျစ်လျူရှုထားလိုက်သည်....

He's Dating the Gangstar💚For Yibo's Birthday💚(Complete)Where stories live. Discover now