Chapter 4 Zawgyi

104 3 0
                                    

အခုရှောင်းကျန့်တို့ဆံပင်ညှပ်ဆိုင်တစ်ခုကိုရောက်နေခြင်းဖြစ်သည်....

”ဒါကမကောင်းဘူးနော်....”

ရှောင်းကျန့် ဝမ်ရိပေါ်ကိုပြောနေရင်းမှနှုတ်ဆက်လာသည့်အသံကိုကြားလိုက်ရသည်....

”ရိပေါ်....မလာတာကြာလိုက်တာ...ဟယ်လို..အိုး...သူကဘယ်သူလဲ...သူ့ဆံပင်ကတော်တော်ဆိုးရွားတာဘဲ...”

ရှောင်းကျန့်ရဲ့အနည်းငယ်ရှည်နေပြီဖြစ်သောဆံပင်ကိုကိုင်၍ပြောလိုက်ခြင်းဖြစ်သည်...

”သူက ရှောင်းကျန့်တဲ့....ကျွန်တော့်ချစ်သူပါ”

”ဟမ်....ရှောင်းကျန့် ကောင်လေးလား....”

”ဟယ်လို...”

”ဟိုင်း....”

”ဒါဆိုကျွန်တော် ထားခဲ့မယ်နော် ပြီးမှပြန်လာခဲ့လိုက်တော့မယ်....”

”အေးဆေးသွားနားလိုက်...
ဆံသားကခြောက်ပြီးမာနေလိုက်တာ...”

အချိန်ခဏအကြာမှာတော့ဝမ်ရိပေါ်ဟာအဝတ်အစားအိတ်တွေဆွဲလို့ပြန်ရောက်လာခဲ့တယ်...

သူတွေ့လိုက်ရတာကဆံပင်စတိုင်အသစ်နှင့်လူတစ်ယောက်မျက်မှန်ချွတ်ထားတာကြောင့်ကြယ်စင်လိုမျက်ဝန်းလေးတွေကိုလည်းမြင်နေရသည်....

ပြီးတော့ရယ်နေတာကြောင့်ထင်းနေတဲ့ယုန်သွားနှစ်ချောင်းကိုလည်းတွေ့လိုက်ရသည်

သူဒီအတိုင်းသာငေးမောကြည့်နေမိသည်အထိ

ရှောင်းကျန့်သူ့ကိုမျက်တောင်မခတ်ကြည့်နေတဲ့ဝမ်ရိပေါ်ကြောင့်ပြုံးလျက်သာလျှောက်သွားလိုက်ပြီးမေးလိုက်သည်...

”ငါဘယ်လိုနေလဲ....”

အဲ့တော့မှရိပေါ် သတိပြန်ဝင်လာပြီးဖြေလိုက်သည်....

”မဆိုးပါဘူး...”

ပြန်ဖြေလာတဲ့ဝမ်ရိပေါ်ရဲ့အဖြေကြောင့်ရှောင်းကျန့်နှုတ်ခမ်းဆူလိုက်မိသည်

”ရော့ အဝတ်သွားလဲလိုက်လေ အဲ့ဒါဆိုပိုကြည့်ကောင်းသွားမှာ....”

”ကောင်းပါပြီ....မင်းပါးစပ်စိဖို့မေ့နေတာ ငါတွေ့တယ်နော်....”

He's Dating the Gangstar💚For Yibo's Birthday💚(Complete)Where stories live. Discover now