Chapter 3 UNI

339 37 0
                                    

"ဂန်းစတားအခုငါ့ရည်းစားဖြစ်သွားပြီလား...."

ရှောင်းကျန့်အိပ်ရာပေါ်တွင်လှဲနေရင်းမှထထိုင်လို့မယုံနိုင်စွာမေးမိသည်...

"ငါ့ကို ပြောပြစမ်းပါ...ငါ့ဘဝကဘယ်လိုလို့ဒီလိုဖြစ်သွားရတာလဲ..."

"နင်က ဝမ်ရိပေါ်ကိုခေါင်းညိမ့်လိုက်တော့နင့်ကိုမနှောင့်ယှက်တော့ဘူးပေါ့ဟာ....သူနဲ့တွဲလိုက်စမ်းပါဟာ..ပြီးတော့ဝမ်ရိပေါ်ကကျစ်ရှီးနဲ့ပြန်တွဲဖြစ်သွားရင်လည်းမင်းအနားကနေသူထွက်သွားတော့ မင်းလည်းစိတ်မရှုပ်ရတော့ဘူးပေါ့....ဒါဆို မင်းရဲ့ရွှေရောင်အိပ်မက်ကိုဆက်မက်လို့ရပြီဘဲလေ..မင်းအခုချိန်မှာတစ်ခုတည်းသောလုပ်ရမှာက သူနဲ့တွဲနေတုန်း သူ့ကိုမချစ်မိစေနဲ့ပေါ့ဟာ..."

ယွိပင်းရဲ့နောက်ဆုံးစကားကြောင့်ရှောင်းကျန့်ပေါ့ပါးစွာပြန်ဖြေမိသည်....

"ဒါကတော့သိပ်မခက်ပါဘူး..."
........
ကျောင်းတွင်ဖြစ်သည်...
ရှောင်းကျန့် ယွိပင်းနဲ့အတူလမ်းလျှောက်လာတုန်းမှာဘဲသူ့ဘေးတစ်ဖက်တစ်ချက်စီကိုရောက်လာကြတဲ့စကိတ်ကိုယ်စီနဲ့ဂန်းစတားအုပ်စု...ဝမ်ရိပေါ်တော့မပါ...

"နည်းနည်း ဖယ်ပါမိန်းကလေးတို့..."

"မိုက်တယ်...ဂန်းစတားရဲ့ကောင်လေးကသက်တော်စောင့်တွေဘာတွေနဲ့ပါလား..."

ယွိပင်းရဲ့အားကျသလိုအပြောကိုရှောင်းကျန့်ပြန်ငြင်းမိသည်....

"မဟုတ်ပါဘူး..နင့်အတွက်နေမှာပါ.."

ရှောင်းကျန့်ပြောပြီးတာတဲ့ခွဲထွက်ကာတစ်ယောက်တည်းလျှောက်မိသည်...ဒါပေမယ့်လည်းသူ့ဘေးမှာကပ်ပါလာကြသည်ပင်...

"လေဒီ...ဖယ်ပါဆို..."

"ဒိုးတော့...ဒိုးတော့.. "

"ငါမင်းကိုပြောသားဘဲဒါတွေကဂန်းစတားရဲ့ကောင်လေးအတွက်ပါဆို..."

ဘေးကနေပြေးလိုက်လာကာပျော်ရွှင်စာပြောနေတဲ့ယွိပင်းရဲ့အပြောကိုလျစ်လျူရှုကာဆက်လျှောက်လာမိရင်းသူ့ရှေ့ကိုစကိတ်စီးကာရောက်လာတဲ့ဝမ်ရိပေါ်.....

"ဒီနေ့ကစပြီးတော့...မင်းစိတ်ကြိုက်နဲ့မင်းကျောင်းကိုမသွားရတော့ဘူး..."

He's Dating the Gangstar💚For Yibo's Birthday💚(Complete)Where stories live. Discover now