Chapter 6 Uni Final

508 27 0
                                    

"အိုးးး ရိပေါ်....မင်းကောင်လေးကိုတခြားဆံပင်ပုံစံပြောင်းချင်လို့လား....”

ရိပေါ် ခေါင်းခါလို့သူ့ရဲ့ဦးထုပ်ကိုချွတ်လိုက်သည်.....
အဲ့တော့မှနားလည်သွားဟန်တူသည်...

”ဟိုင်း...မော်နင်း....”

ရှောင်းကျန့် ယွိပင်းနဲ့အတူလမ်းလျှောက်လာတုန်းသူ့ရှေ့မှာရပ်လာတဲ့ရိပေါ်ရဲ့သူငယ်ချင်းတွေ....

ပြီးတော့ရယ်နေကြကာသူ့ရဲ့နောက်ဘက်ကိုကြည့်ကာပြောလိုက်တဲ့စကားကြောင့်သူလှည့်ကြည့်လိုက်သည်...

”သူလာပါပြီဗျာ....”

သူလှည့်ကြည့်လိုက်နော့ပထမဆုံးတွေ့လိုက်ရတာကစကိတ်စီးနေတဲ့သူ....
ပြီးတော့ဒီတစ်ခါတော့ဆံပင်ကိုစတိုင်ကျစွာညှပ်ထားပြီးဖြီးသင်ထားသည်...

ခေါင်းပတ်လည်းမပါတော့သလိုအနွေးထည်ကိုလည်းသေချာဝတ်ထားသည်...
ထို့အပြင်သူနဲ့ဆင်တူမျက်မှန်လည်းဝတ်ထားသေးသည်.....

ထိုသူကတော့သူ့ရဲ့နှစ်ယောက်မရှိတဲ့ချစ်ရသူလူဆိုးလေး ရိပေါ်....

ဝမ်ရိပေါ်စကိတ်ကိုဟောက်ရွှမ်းလက်ထဲထည့်လိုက်ကာသူ့ကိုပြုံးလို့ငေးနေသူရဲ့လက်ကိုဆွဲကိုင်လိုက်သည်...

”ခု ကိုယ်တို့နှစ်ယောက်လုံးကြည့်ကောင်းသွားပြီ......”

ရိပေါ်ရဲ့စကားကြောင့်ရိပေါ်သူငယ်ချင်းတွေနဲ့အတူရှောင်းကျန့်ရယ်လိုက်မိသည်...

”ဟားဟား သူပြန်လာပြီကွ....”
...........
ရှောင်းကျန့်နှင့်မောင် အလှဓာတ်ပုံရိုက်တဲ့နေရာကိုရောက်နေခြင်းဖြစ်သည်...
ဓာတ်ပုံခန်းသေးသေးလေးထဲမှာကိုယ်ရိုက်ချင်တဲ့ပုံကိုရိုက်နိုင်တာကြောင့်သူနဲ့​မောင်အမှတ်တရဓာတ်ပုံရိုက်နေခြင်းဖြစ်သည်....

ထိုအချိန်ကသူတို့အရမ်းပျော်နေခဲ့ကြသည်..
အချစ်နဲ့ထိတွေ့တဲ့သူတိုင်းကတော့ပျော်ရွှင်မှုဆိုတဲ့အရာကိုထိတွေ့ခံစားနေရမှာပင်....
........
”ငါတို့ဘာလို့ဒီဘက်ကိုမောင်းနေရတာလဲဟင်....မင်းငါ့ကိုဘယ်ခေါ်သွားမလို့လဲ....”

ရိပေါ်ကားမောင်းနေရင်းမှရှောင်းရဲ့အမေးကြောင့်လက်တစ်ဖက်နဲ့ရှောင်းရဲ့လက်ကိုကိုင်လိုက်ကာ...

He's Dating the Gangstar💚For Yibo's Birthday💚(Complete)Where stories live. Discover now