အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (U+Z)

1.7K 81 6
                                    

အပိုင်း (6)

စိတ်ငြိမ်ဆေးအရှိန်နဲ့ အိပ်ပျော်နေတဲ့ သား​လေးYiboက က လေးတစ်ယောက်လို အပြစ်ကင်းစင်နေတာကြောင့် သားဖြစ်သူကိုကြည့်ပြီး သူမ မျက်ရည်ကျမိတယ်..... ဘယ်လို ဝဋ် ကြွေး တွေကြောင့် သားဖြစ်သူဒီလို ခံစားနေရတာလဲ...

"အစ်ကိုရယ် သားလေးမှ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရတာလဲရှင့်... ကျွန်မတို့သာ သားလေးနားမှာ မရှိတော့ရင် သားလေးပြန်မကောင်းတော့ပဲ ဒီလိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ... သားလေးလို နေမကောင်းတဲ့ ကလေးကို ဘယ်သူက ဂရုစိုက်ပေးတော့မှာလဲ... တွေးရင်း ကျွန်မပိုပြီး စိတ်မချဖြစ်မိတယ်ရှင့်.... အင့်... ဟင့်ဟင့်...."

"ညီမရယ်.... ကိုယ်လည်း ဒီအကြောင်းပဲ တွေးနေမိတာပါပဲကွယ်.... ဘာပဲ ဖြစ်ဖြစ်ကိုယ်တို့ သားအတွက်အကောင်းဆုံးကြိုးစားကြတာပေါ့ကွယ်..."

ယောင်္ကျားဖြစ်သူပြောတာကို နာထောင်ရင်း သူမ အိပ်နေတဲ့ သားလေးကို ကြည့်ပြီး နှလုံးသားတစ်ခုလုံးနာကျင်နေမိတယ်... သားလေးခံစားနေရကို ကြည့်နေရမဲ့အစား သူမသာဖြစ်လိုက်ချင်တော့တယ်...

"ကိုယ်တို့သားလေး နားပါစေ... မင်းလုပ်လို့ နိုးသွားရင် သားလေးထပ်ပြီးတော့ ပင်ပန်းနေပါမယ်.... သားလေးအိပ်ပါစေကွာ... "

သူမခေါင်းငြိမ့်ပြပြီးတော့ သားအခန်းလေးထဲကနေထွက်လာခဲ့မိတော့တယ်... Wangသခင်ကြီးက မျက်ရည်လေးတစမ်းစမ်းနဲ့ ဇနီးဖြစ်သူအခန်းထဲက ထွက်သွားတဲ့အထိ ကြည့်နေပြီးမှ ဘေးနားက ဆရာဝန်းအား အားနာသလို ကြည့်ပြီး ပြုံးပြီးတော့မှ.....

"အားနာလိုက်တာ ဧည့်ခန်းထဲကို လိုက်ပြီး ကော်ဖီသောက်ပါဦး.... သောက်ရင်းနဲ့သားရဲ့ ရောဂါအကြောင်းဆွေးနွေးကြတာပေါ့ဒေါက်တာ..."

Wang သခင်ကြီးစကားကိုဆရာဝန်ကခေါင်းငြိမ့်ပြလိုက်ပြီးတော့ အခန်းထဲက ထွက်သွားတော့တယ်.... သူတို့တွေအားလုံးအောက်ထပ်ဧည်ခန်းမှ ငြိမ်သက်စွာထိုင်​​ကြမိတယ်... ပြီးတော့မှ Wang သခင်ကြီးက...

"သားရောဂါက ကောင်းနိုင်ပါဦးမလားဒေါက်တာ ပွင့်ပွင့်လင်းလင်းပြောပါ ကျွန်တော်ကို အားမနာပါနဲ့... အခုတလော အရင်ကထက်သားလေးက သူနားကို လူတွေသိပ်ပြီး အကပ်မခံတော့ဘူးဒေါက်တာ.... အပြင်လူတွေဆို ပိုဆိုးတယ် ဆရာရယ်... သားလေး ဒီလိုသာဖြစ်နေရင် ကျွန်တော်တို့တွေ သားဘေးမှာ မရှိနိုင်တော့ရင် ရင်လေးတယ်ဗျာ...."

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now