အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.4K 104 14
                                    

အပိုင်း (41)

Wang Yibo သူရှေ့ကနေ ခြေထောက်ကိုစောင့်ပြီးတော့ မကျေမနပ်ကြည့်ပြီးတော့မှ ထွက်သွားတဲ့ မိန်းမကိုကြည့်ပြီးတော့.... စိတ်ရှုပ်မကြည်မလင်ဖြစ်သွားတာကြောင့် ဆိုဖာပေါ်မှာ ပြန်ထိုင်လိုက်ပြီးတော့... သူဆိုဖာပေါ်မှာ မှီပြီးတော့ မျက်လုံလေးတွေ မှိတ်ထားမိတယ်... သူပခုံပေါ်ကို နူညံတဲ့ လက်ကလေးတစ်စုံလာပြီး ထိတွေ့လာတာကြောင့် မျက်လုံးဖွင့်ကြည့်မိတယ်...

"မာမီ... မအိပ်သေးဘူးလား ညဉ့်နက်နေပြီး...သားက မာမီတို့တွေအိပ်နေလောက်ပြီလို့တောင်ထင်ထားတာလေ..."

သူပြောတာကို ပြုံးပြပြီးတော့ သူဘေးက ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီးတော့မှ...

"မာမီ အိပ်မပျော်ဘူးသားရဲ့... အထူးသဖြင့် သားရဲ့ဆုံးဖြတ်ကို သိချင်လို့ မအိပ်နိုင်သေးတာပါ... ပြီးတော့ သားကို ပြောစရာရှိလို့ မာမီစောင့်နေတာ...သား သူမနဲ့ လမ်းခွဲရတာ အ ရမ်းနာကျင်နေလား သားစိတ်ထဲမပါပဲ မာမီတို့ကြောင့် အဲ့ဒီမိန်းကလေးကို လမ်းခွဲခဲ့တယ်ဆိုရင်တော့ ...သားအဲ့ဒီမိန်းက လေးနဲ့ပြန်တွဲလိုက်ပါကွယ်... သားစိတ်ချမ်းသာတာကိုပဲ မာမီလိုချင်တယ်... ကျန်တာဘာကိုမှ မာမီဂရုမစိုက်ဘူးသား... သားရဲ့ စိတ်ချမ်းသာမှုက မာမီတို့ရဲ့စိတ်ချမ်းသာမှုပဲ... သားရဲ့ ဝမ်းနည်းမှာဟာလည်း မာမီတို့ရဲ့ ဝမ်းနည်းမှာပဲ..."

Yibo မာမီကို ခေါင်းခါးပြရင်းနဲ့...

"မာမီတို့ကြောင့် လမ်းခွဲလိုက်တာမဟုတ်ပါဘူး... ဒီအတော အတွင်း ကျွန်တော်သူမအကြောင်းကို ပိုသိလာရတယ်... အရင်က သိခဲ့တဲ့ ယုံကြည်မှုတွေကမှားခဲ့တယ်ဆိုတာ ကျွန်တော်ဝန်ခံတယ်မာမီ... သူမကို အရမ်းချစ်တယ်လို့ထင်ထားပေမဲ့ ကျွန်တော်လည်း မချစ်ခဲ့ဘူးမာမီ...ကျွန်တော်ဘာမှမဖြစ်ဘူး... ကျွန်တော်ခေါင်းကိုက်လို့ပါ... သူမနဲ့ လမ်းခွဲမလို လုပ်ထားတာက အရင်ကတည်းက ရှိနေတာပါ... မာမီ စိတ်မပူပါနဲ့... ဒါနဲ့မာမီ သားကို ပြောစရာရှိတယ်ဆို... ဘာပြောမလို့လဲ..."

သားဖြစ်သူစကားကြောင့် သူမ ခေါင်းငြိမ့်ပြလိုက်ပြီးတော့...

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now