အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.5K 85 11
                                    

အပိုင်း (13)

မောင်နှမနှစ်ယောက်လုံးမာမီကိုချောပြီးရှောင်ကျန့်အကြောင်း မေးနေတာ ဖြစ်သည်... ဒါမှ ရှောင်ကျန့်က သူမကိုတွေ့ရင် မောပြီးမကြည်ရဲတဲ့အပြင် သူမ ခိုင်းသမျှမလုပ်ပေးပဲမနေရဲတော့မှာလေ... ဟားဟား... ရှောင်ကျန့်သူမတို့ခိုင်းသမျှလုပ်နေတာကို စိတ်ကူးထဲတွေးရင်းနဲ့တောင် ပျော်ဖို့အရမ်းကောင်းနေတာ...တကယ်လက်တွေဆိုရင် ​ပြောမနေနဲ့တော့... ရန်မင်းတွေးနေသည်ကလည်း ရှောင်ကျန့်က ဟိုတစ်ခါအခန်းထဲမှာ သူအမေနဲ့ ပြဿနာတက်ပြီးထဲက သူကို မြင်တာနဲ့ ​တခြားကို အရင်ထွက်သွားတက်ပြီး သူကိုအနားကပ်မခံပဲ ရှောင်ခွာနေတာကြာပြီဖြစ်တာကြောင့် သူမှာမချင့်မရဲဖြစ်မိတယ်... သူကို ရှောင်လေလေ သူကလည်းရှောင်ကျန့် အနာကို ကပ်ချင်လေလေပဲ... သူသာ မာမီဆီကနေရှောင်ကျန့်အကြောင်းသိရင် သူအကြပ်ကိုင်သမျှရှောင်ကျန့်ငြင်းဆန်ရဲတော့မှာမဟုတ် ဘူး သူခိုင်းသမျှလုပ်ရတော့မယ်လေ... နောက်ဆုံး သူနဲ့အိပ်ပေးရမယ်လို့ ချိန်းခြောက်ရင်တောင်လက်ခံရတော့မည်သာ... ပြီးတော့ရှောင်ကျန့်မှာကအားကိုးစရာဘယ်သူမှမရှိဘူးလေ... သူတို့ခိုင်းသမျှလုပ်ရပေလိမ့်မယ်... ဒါကြောင့် မာမီဆီကနေ ရှောင်ကျန့်အကြောင်းပြောလာအောင်လုပ်နေတာဖြစ်သည်...

"မာမီကလည်း ပြောပြပါလို့ပြောနေတာကို... သားတို့ကို မယုံကြည်လို့မပြောပြတာလား... မာမီရာ... "

စိတ်ထဲအရမ်းသိချင်နေပြီး မာမီကလည်း ဒီစကားလေး နည်းနည်းပြောတာကို အချိန်ဆွဲနေတာကြောင့် စိတ်သိပ်မရှည်ချင်တော့ချေ...

"ပြောပါမယ်ဆို... ဟဲ...ဘယ်လိုဖြစ်နေတာလဲ တကယ်တည်းနင့်တို့မောင်နှမနှစ်ယောက်ကလေ အရမ်းစပ်စုလွန်းတယ်... ဒီလို... ဟေ့... ဒီလို... ရှောင်ကျန့် အမေက Night Class တစ်ခုမှာ ယောင်္ကျားလေးတွေနဲ့ ရှုပ်ထားတဲ့ပုံကိုအပြင်မှာဖြန့်လိုက်မယ်လို့ချိန်းခြောက်လိုက်တာလေ...ရှောင်ကျန့်က သူအမေကိုအရမ်းချစ်တာသူအမေသိက္ခာကျမှာကိုသူအကြောက်ဆုံးပဲလေ... အဲ့ဒါက ရှောင်ကျန့်ရဲ့ အားနည်းချက်ကမာမီတို့အတွက် ပိုပြီးအဆင်ပြေတယ်လေ... မာမီတို့ပြောသမျှမငြင်းရဲပဲ အကုန် လက်ခံလိုက်ရတာလေ... ဟင်း...ဟင်း... ဘယ် လိုလဲ သမီးတို့ရဲ့မာမီအရမ်းတော်တယ်မလား..."

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now