အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.6K 82 8
                                    

အပိုင်း (8)

ရှောင်ကျန့်စကားကြောင့် သူမဒေါသထွက်သွားပြီးမှ အောင်နိုင်သူတစ်ယောက်လိုပြုံးလိုက်ပြီးတော့...

"ကောင်းပြီလေ... မင်းက မယုံဘူးလို့ပြောပြီး သက်သေပြခိုင်းတော့လည်း နင့်အမေရဲ့ ပုတ်ပွနေတဲ့ ကိစ္စကို ငါက ပြန်ပြီပြရမှာပေါ့... နင့်အမေဘယ်လောက်ထိ ရှုပ်ထားလည်းဆိုတာကို သိရမှာပေါ့... အရမ်းရှက်ဖို့ကောင်းတဲ့ ကိစ္စဆိုတော့ နင့် ကြည့်ဖို့ ခံနိုင်ရည်ရှိအောင် ကြိုးစားပေါ့ ရှောင်ကျန့်ရယ်.... ဟင်းဟင်း ...."

သူကို လှောင်ရယ်နေတဲ့ လွှီသခင်မကြီးအား...

"ဒီသက်သေကို ကျွန်တော်တစ်ယောက်ထဲပြသင့်တယ်မဟုတ် ဘူးလား...."

ရှောင်ကျန့် စကားကြောင့် ရန်မင်းက ဒေါသတကြီးမတ်တပ်ရပ်လိုက်ပြီးမှ....

"မင်း... ဘယ်အဆင့်နဲ့ ငါ့အမေကိုလာပြီးပြောနေရတာလဲ... တစ်ယောက်တည်းပြဖို့တောင်းဆိုးရဲသေးတယ်ပေါ့... ဟုတ် လား..."

"ဟဲ့... သား တော်တော့ မာမီရှင်းလိုက်မယ်..."

မာမီက ပြောရင်း မျက်ရိပ်ပြတာကြောင့် သူ မငြိမ်ချင်ပဲ ငြိမ်လိုက်တော့တယ်.... သားဖြစ်သူ မကျေမနပ်ဖြင် ထိုင်ခုံမှာသွားထိုင်တော့မှ သူမ ရှောင်ကျန့်ကို ကြည့်ပြီးတော့မှ....

"ဟုတ်ပြီလေ... မင်းတောင်းဆိုထားတဲ့အတိုင်း မင်းတစ်ယောက်ထဲကို ပြမယ်... စာကြည့်ခန်းထဲမှာ သွားပြီးစောင့်နေလိုက် ငါမင်းကို ယူလာပြမယ်...."

ရှောင်ကျန့် ခေါင်းငြိမ့်ပြလိုက်တယ်...ပြီးတော့ စာကြည့်ခန်းထဲမှာ သွားစောင့်နေလိုက်တယ်... သေချာကြည့်ရင် ကြောက်လွန်းလို့ရှောင်ကျန့် လက်ကလေးတွေ တုန်နေတာကို တွေ့နိုင်ပေလိမ့်မယ်... သူစာကြည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်လိုက်မိတော့ မျက်ရည်က ကျလာတော့တယ်...သူတမင်ပြောလိုက် ပေမဲ့ ဒါက အမှန်တရားဆိုရင် သူဘယ်လိုလုပ်ရမလဲ... သူတွေးနေတုန်းမှာပဲ စာကြည့်ခန်းတံခါးဖွင့်သံကြောင့် မျက်ရည်ကို အမြန်သုတ်လိုက်တယ်.... သူအားငယ်နေတဲ့ ပုံစံကို တ ခြားသူတွေမမြင်စေတာကြောင့်ဖြစ်သည်....သူထိုင်နေတုန်းမှာပဲ သူ့ရှေ့ကိုကျလာတဲ့ ဓာတ်ပုံတွေကြောင့် ယူကြည့်လိုက်မိတော့တယ်....

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now