အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (U+Z)

1.6K 83 6
                                    

အပိုင်း (11)


အရှူးက သူမကို ပြန်ပြောတဲ့ အပြင် သူမမျက်နှာကို ရဲရဲဝံဝံစိုက်ကြည့်ပြီး ထပ်ပြောလာတာက...

"အံမယ် အရှူးမရဲ့ ဒါကငါ့အိမ်ပဲလေ... ငါဘယ်နေရာနေနေ နေလို့ရတယ်... နားလည်းလား အံမယ် အရှူးမကြီးက သေ ချာကြည်တော့လည်း အဟက်... "

သူမကိုသေချာကြည့်ပြီး စကားဆက်မပြောပဲ ရယ်ပြီးတော့မှ ယင်ယွဲ့အဖြစ်ဟန်ဆောင်ထားတဲ့ ရှောင်ကျန့်အား သူမကို ကျော်ပြီး လှမ်းကြည့်ပြီးမှ....

"ဟိုတစ်ယောက်ထက်တောင်လှသေးတယ်... ဟိုတစ်ယောက်က အသားကလည်းမဲနေသေးတယ်... အရှူးမကြီးကိုပဲ လက် ထပ်လိုက်ရင်ကောင်းမလား... တော်ပြီ ဒီအခန်းထဲက မသွားတော့ဘူ... ဒီက အရှူးမလှလှကြီးကိုပဲ တစ်ဆိတ်ဆိတ်ကြည့်တော့မယ်...ဟား...ဟား...."

ပြောပြီး သူမကိုကျော်ပြီး Wang Yiboအခန်းထဲဝင်သွားတော့တယ်... Yiboအထဲရောက်တော့ အခန်းထောင့်နားမှာ ​ငြိမ်ငြိမ်လေးရပ်နေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီးတော့ ကုတင်စွန်းလေးမှာ ထိုင်လိုက်ပြီးတော့...

"ဟိုကောင်မလေး ရေသွားချိုးတော့လေ.... ပြီးရင် ငါအရှူးမလှလှလေး ရေချိုးတော့မှာ တော်ကြာ အအေးပတ်ပြီး ငါ့အရှူးမလေး ဂန့်သွားရင် နင့်တာဝန်ယူနိုင်လို့လား...."

Yiboပြောတာကို နားထောင်ပြီးတော့ ရှောင်ကျန့်မဝံမရဲဖြင့် ယုချန်လျန်ကို လှမ်းကြည့်နေတာကြောင့်....

"ဟဲ့... ကောင်မလေး မသွားသေးဘူးလား...အခုထိအဲဲဒီနားမှာ ဘာလို့ရပ်နေသေးတာလဲ... "

Yiboအော်လိုက်တာကြောင့် ရှောင်ကျန့်ကိုယ်လေးတောင် တုန်သွားတော့တယ်... အဲ့ဒီတော့မှ ယုချန်လျန်က...

"ဟဲ့...ရှောင်....အဲ့...ယင်ယွဲ့ရေသွားချိုးလေ... "

ယုချန်လျန်က ရှောင်ကျန့် နာမည်ကို မှားခေါ်တော့မလို့ တော်သေးတယ် အရှူးဆိုတော့ ဘာမှသိလိုက်မှာမဟုတ်ဘူးလို့ သူမတွေးမိတော့တယ်... သူမပြောလိုက်တော့မှအဝတ်အစားလေးတွေကို ယူပြီး ရေချိုးခန်းထဲဝင်သွားတော့ Yiboက ရှောင်ကျန့် နောက်ကျော်လေးကို လှမ်းကြည့်ပြီး....

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now